Eleven Media Group

အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ ကင်ဆာရောဂါ ပိုမိုပြန့်ပွားလာ‌နေသည်ဟု သားဖြစ်သူ ပြောကြား

​အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ ကင်ဆာရောဂါသည် ပိုမိုပြန့်ပွားလာနေသည်ဟု သားဖြစ်သူဟန်တာဘိုင်ဒင်က ဘီဘီစီနှင့် ပြုလုပ်ခဲ့သည့် မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

​အသက်အကြီးဆုံး တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတအဖြစ်မှ သက်တမ်းကုန်ပြီး လေးလအကြာ ၂၀၂၅ ခုနှစ် မေလတွင် ဘိုင်ဒင်သည် အရိုးအထိ ပြန့်ပွားနေသည့် ပြင်းထန် ဆီးကျိတ်ကင်ဆာရောဂါ ခံစားနေရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

​ထို့နောက် ၎င်းသည် ဓာတ်ရောင်ခြည်ကုထုံးနှင့် ဟော်မုန်းကုထုံးများ ပါဝင်သည့် ဆေးကုသမှုများကို စတင်ခံယူခဲ့ပြီး ပြီးခဲ့သည့်လက ၎င်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ထုတ်ဝေမည်ဟု ကြေညာစဉ် အသက် ၈၃ နှစ်အရွယ် ဘိုင်ဒင်က ကုသမှုအခြေအနေမှာ "အလွန်ကောင်းမွန်နေသည်" ဟု ပြောကြားခဲ့ဖူးသည်။

​သို့သော်လည်း ဩဂုတ် ၇ ရက်နှောင်းပိုင်းက ထုတ်လွှင့်ခဲ့သည့် BBC Newsnight နှင့် မေးမြန်းခန်းတွင် သားဖြစ်သူ ဟန်တာဘိုင်ဒင်က ဆေးကုသမှုများ ခံယူနေသော်လည်း အဖေဖြစ်သူ၏ ရောဂါမှာ ဆက်လက်ပြန့်ပွားလျက်ရှိကြောင်း ပြောကြားခဲ့သည်။

​"ကင်ဆာရောဂါဟာ အရိုးတွေနဲ့ အခြားနေရာတွေကို ပိုပြီး ပြန့်ပွားသွားခဲ့ပါပြီ" ဟု ၎င်းက ဆိုခဲ့သည်။

Ref:AFP

AFP photos

မူရင်းသတင်း — Eleven Media Group