Eleven Media Group

ဆော်ဒီအာရေဗျနိုင်ငံရှိ ဆိုဖာထုတ်လုပ်ရေးစက်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သား ၁၆ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ရီးယာ့ဒ်မြို့တော်ရှိ ဆိုဖာထုတ်လုပ်ရေးစက်ရုံတွင် ဆိုးရွားပြင်းထန်သည့် မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းလုပ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှုသည် ဩဂုတ် ၉ ရက်က Musa Sanaiya စက်မှုဇုန်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး ရီးယာ့ဒ်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးမှ အရာရှိများက ရုပ်အလောင်းများ ပြန်လည်သယ်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် ဆော်ဒီအာဏာ ပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ရုပ်အလောင်းများကို အမြန်ဆုံး ပြန်လည်သယ်ဆောင်ရန်နှင့် ကျန်ရစ်သူ မိသားစုများအတွက် လိုအပ်သော အစိုးရအကူအညီများနှင့် လျှော်ကြေးများ ရရှိရေး သေချာစေရန် ပြည်ပရောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ သက်သာချောင်ချိရေးနှင့် ပြည်ပအလုပ်အကိုင်ဝန်ကြီး အာရီဖူးလ် ဟက်ခ်ချောင်ဒရီက အရာရှိများအား ညွှန်ကြားထားသည်။

ဆော်ဒီအာရေဗျနိုင်ငံတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဒသမ ၅ သန်းခန့် နေထိုင်ပြီး ဆော်ဒီသည် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းလုပ်သားများ အများဆုံး သွားရောက်လုပ်ကိုင်သည့် နိုင်ငံဖြစ်ကာ ပြီးခဲ့သည့်နှစ်က ဆော်ဒီရှိ ဘင်္ဂလားဒေ့ရှ်လုပ်သားများမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ပြန်လည်ပေးပို့သည့် လွှဲပြောင်းငွေသည် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော် ရှိခဲ့သည်။

Ref: Reuters,Photos- NDTV / AA

မူရင်းသတင်း — Eleven Media Group