Myanmar National Post

မိုင်းခတ်မြို့နယ်၌ ချောင်းရေများ အဆက်မပြတ်စီးဆင်းလာမှုကြောင့် ကျိုင်းတုံ- မိုင်းခတ်- မိုင်းယန်း သွားလမ်းပေါ် ရေ (၁) ပေခန့်မြင့်တက်မှုဖြစ်ပွား




မိုင်းခတ်၊ ဩဂုတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် အထက်ဘက်မှ ချောင်းရေများ အဆက်မပြတ် စီးဆင်းလာမှုကြောင့်  ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်း မိုင်တိုင် ၄၆ မိုင် ၂ ဖာလုံနှင့် ၄၆ မိုင် ၄ ဖာလုံအကြား လမ်းအရှည် ပေ (၃၀၀) ခန့်ရှိ လမ်းမပေါ်သို့ ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက နမ့်လွေချောင်းမှ ရေ (၁) ပေခန့် မြင့်တက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။  

အဆိုပါကားလမ်းမပေါ်သို့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ယာဉ်လမ်းကြောင်းပြအလံများ စိုက်ထူခြင်း၊ GUARD Durm အချက်ပြပေပါများထောင်၍ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post