Myanmar National Post

(၅၉) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားသို့ မြန်မာသံအမတ်ကြီးနှင့်ဇနီး ဦးဆောင်သည့် သံရုံးဝန်ထမ်းများ တက်ရောက်



ကိုင်ရို၊ သြဂုတ် ၁၁

(၅၉) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို ၁၀-၈-၂၀၂၆ ရက်နေ့၊ နံနက် ၀၉၀၀ နာရီတွင် ကိုင်ရိုမြို့၊ အင်ဒိုနီးရှားသံအမတ်ကြီး၏ နေအိမ်အတွင်းရှိ  မြက်ခင်းပြင်တွင် ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်နှင့်ဇနီး ဦးဆောင်သည့် သံရုံးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Amr Hamzah က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အခြားအဆင့်မြင့်အရာရှိကြီးများ၊ ကိုင်ရိုမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးဒုတိယအကြီးအကဲများ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုများ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို အာဆီယံအလံလွှင့်တင်ခြင်း၊ အာဆီယံသီချင်း (ASEAN Anthem) ဖွင့်လှစ်သီဆိုခြင်း၊ အိမ်ရှင် အင်ဒိုနီးရှားသံအမတ်ကြီးက အဖွင့်အမှာစကားပြောကြားခြင်းနှင့် အာဆီယံ-ကိုင်ရို ကော်မတီ၏ဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီးက အမှာစကား ပြောကြားခြင်း စသည့်အစီအစဉ်များဖြင့် ကျင်းပခဲ့ကြသည်။  

အခမ်းအနားအပြီးတွင် အာဆီယံသံရုံးအသီးသီးက  ပြင်ဆင်ထားရှိသော ရိုးရာအစား အစာများဖြင့် တက်ရောက်လာကြသူများအား တည်ခင်းဧည့်ခံခဲ့သည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post