Myanmar National Post

မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမု စေတီတော်ကြီးတွင် ပထမအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်







မြောက်ဥက္ကလာပ၊ ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီး ဘဏ္ဍာ‌ တော်ထိန်းဂေါဂက အဖွဲ့မှ ကြီးမှူးကျင်းပသော ပထမအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့  နံနက် ၅ နာရီအချိန်  အဆိုပါစေတီ၀င်းရှိ မူလဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ ပင့်ဖိတ်ထားသော ဩဝါဒ စရိယ ဆရာတော် ကြီးများ ၊ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီး ဘဏ္ဍာ‌ တော်ထိန်းဂေါဂက အဖွဲ့၀င်များ ၊ အလှူရှင်များ ၊ ဖိတ်ကြားထားသောဧည့်သည့်တော်များက  နမောတဿ သုံးကြိမ်ရွတ်ဆို  ကန်တော့ပြီး  ဆုတောင်းပြည့်မယ်လမု စေတီတော် ဩဝါဒါစရိယ ဘဒ္ဒန္တ အဂ္ဂဓမ္မ အဂ္ဂမဟာ ပဏ္ဍိတ ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ၊ ဒွိပိဋကဓရ ဆရာ တော်ထံမှ ပရိတ်သတ်အပေါင်းမှ  ငါးပါးသီလခံယူ  ဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့် တော် မူကြပြီး ဆု တောင်း ပြည့်မယ်လမုစေတီတော်ကြီး ဘဏ္ဍာ‌ တော်ထိန်းဂေါဂက အဖွဲ့၀င်များ ၊ အလှူရှင်များ ၊ ဖိတ်ကြားထားသောဧည့်သည့်တော်များက   ဆရာတော် သံဃာတော် အရှင်သူမြတ်များအား  ဝါဆိုသင်္ကန်း ၊ နဝကမ္မ နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြသည်။ ထို့နောက်  ဆုတောင်းပြည့်မယ်လမု စေတီတော် ဩဝါဒါစရိယ ဘဒ္ဒန္တ အဂ္ဂဓမ္မ အဂ္ဂမဟာ ပဏ္ဍိတ ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ၊ ဒွိပိဋကဓရ ဆရာ တော်ထံမှ အနုမော ဒနာ တရားနာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓ သာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆု တောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး 

#News #Myanmar

မူရင်းသတင်း — Myanmar National Post