
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့၌ မိုးရွာသွန်းမှုများသည့်အတွက် ဇီးတောဆည်၏ အောက်ဘက် ပေ ၂၂၀၀ ခန့်အကွာ ဇော်ဂျီမြစ်၏ လက်ယာဘက်ခြမ်း မြစ်ကမ်းပါး ပေ ၇၀ ခန့် ပြိုကျမှုဖြစ်ပွား ရာ သြဂုတ် ၁၁ ရက် နံနက်ပိုင်းက မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါပြုပြင်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၁၀ ဦး၊ အရန် ငါးဦးနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ မြစ်ကမ်းပြိုကျသည့်နေရာကို မျောတိုင်များ ရိုက်၍ ဝါးကပ်ကြမ်းများကာရံကာ သုံးပေခွဲအမြင့် ကျောက်ကြီးတစ်လွှာ၊ သုံးပေခွဲအမြင့် သဲအိတ်တစ်လွှာ ဆင့်ကဲခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။