Myanmar National Post

ကျိုက်ထိုမြို့ အမှတ်(၂) အ‌ခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းပြုလုပ်









ကျိုက်ထို၊ ဩဂုတ် ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ်  လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့၊ နံနက်(၁၀)နာရီအချိန်က ကျိုက်ထိုမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(စိန်ပန်းခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ် ဆရာကြီးဦးဝင်းထွဋ်အောင်  ကနှင့်စာပေချစ်သူများအသင်းအဖွဲ့ဝင် ဦးတင်ထွေးတို့ကအမှာ စကားပြောကြားကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့် ပြည့်စုံရန်၊အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်စေရန်ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့်  နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေးတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အထက(၂)ကျောင်း  Grade (12)မှ မသွန်းဝဿန်မိုး ၊Grade(11)မှ မောင်ရန်နိုင်စိုး၊မ‌ဝေဖူးနိုင်၊မ‌ရွှန်းနဒီ‌ ကျော်၊ မမိုးထက်မဒီတို့က"လူငယ်များကိုပျိုးထောင်ပေးပါ"၊"ဘဝဆိုတာအရှုံးပေးဖို့မဟုတ်ဘူး"၊"လူအမျိုးမျိုးစိတ်အဖုံဖုံ"၊ "လောကဓံ"စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး စာပေချစ်သူများအသင်းအဖွဲ့ဝင်  ဦးလှထွန်းက နိဂုံးချုပ်အမှာစကား ပြော‌ကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။


ပြည့်ဖြိုး

#News #Myanmar

မူရင်းသတင်း — Myanmar National Post