Eleven Media Group

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လက်ဗစ် ရာထူးမှနုတ်ထွက်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သည့် အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လက်ဗစ်သည် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ထရန့်က ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့ပြီး ၎င်းအား အကြီးတန်းအကြံပေးအဖြစ် ဆက်လက်ခန့်အပ်သွားမည်ဟု ဆိုသည်။

အသက် ၂၈ နှစ်အရွယ်ရှိ လက်ဗစ်သည် သတင်းထောက်များအား ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်လေ့ရှိပြီး အမေရိကန်သမ္မတဆိုင်ရာ အသက်အငယ်ဆုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည်။

သူသည် တင်းမာမှုများပြားသည့် သတင်းစာရှင်းလင်းပွဲများတွင် သွက်လက်ပြတ်သားစွာဖြင့် ထရန့်ဘက်မှ သစ္စာရှိစွာ ကာကွယ်ပြောဆိုပေးခဲ့သူ ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ အံ့ဩဖွယ်ရာ အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံနဲ့ ကျွန်တော် အယုံကြည်ရဆုံး အကူအညီပေးသူတစ်ဦးဖြစ်တဲ့ ကာရိုလိုင်း လက်ဗစ်ဟာ သူ့ရဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးငယ်တွေ၊ မိသားစုတွေကို အချိန်ပိုပေးနိုင်ဖို့အတွက် ဒီလကုန်မှာ ရာထူးကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ကာရိုလိုင်းဟာ အခုအခါမှာ ကျွန်တော့်ရဲ့ ထိပ်သီး ပြင်ပအကြံပေးတစ်ဦးဖြစ်လာတော့မှာပါ။ ပြီးတော့ ရီပတ်ဘလစ်ကန်ပါတီအတွင်း ဩဇာညောင်းတဲ့ အသံတစ်သံ ဖြစ်လာတော့မှာပါ" ဟု ထရန့်က လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်းက လက်ဗစ်သည် ဗီဗီယာနာဟု အမည်ပေးထားသည့် သမီးတစ်ဦးမွေးဖွားကြောင်းကြေညာခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group