Myanmar National Post

တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း ဖွင့်လှစ်






တာမွေ၊ ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲ၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း အမှတ်စဉ်(၁ /၂) ၂၀၂၆ ကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်ဆောင်ရွက်နေမှုအား တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဖြူလှနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါသင်တန်းတွင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအား ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရားများ၊ လူနာဆန်းစစ်ခြင်းနှင့် ပတ်သက်၍ သင်ကြားပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်းအား သက်သာမှုရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ အပူလောင် ခြင်နှင့် အရည်ပူလောင်ခြင်းအား ကုသခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း/ မူးမေ့ခြင်း/ သတိလစ်ခြင်း/ အဆိပ်သင့်ခြင်း/ သတ္တဝါကိုက်ခြင်း၊ ကုပ်ခြင်း/ အရိုးကျိုးခြင်း/ အဆစ်လွဲခြင်း/ ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာများအား ကုသခြင်း/ လူနာအား ကိုင်တွယ်ကုသခြင်းနှင့် သယ်ဆောင်နည်းများ/ အခြေခံအသက်ကယ် အထောက်အကူပြုနည်းလမ်းများအား သက်ဆိုင်ရာနည်းပြများက စနစ်တကျ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

#News #Myanmar


မူရင်းသတင်း — Myanmar National Post