Eleven Media Group

အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham Lincoln ပေါ်၌ ဆိုးရွားသောအခြေအနေများ ဖြစ်ပေါ်နေခြင်းကို စုံစမ်းစစ်ဆေးပေးရန် ဒီမိုကရက် အထက်လွှတ်တော်အမတ်များကတောင်းဆို

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် ပင်လယ် ပြင်၌ စံချိန်တင်ရက်ပေါင်းများစွာတာဝန် ထမ်းဆောင်နေရချိန်တွင်သင်္ဘောပေါ်၌ စား နပ်ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေပြီး ရေ ပိုက်များ ပျက်နေခြင်း၊ စိတ်ကျန်းမာရေး ပြဿနာများဖြစ်ပေါ်နေခြင်းဟူသောသ တင်းများ ထွက်ပေါ်လာပြီးနောက်ယင်း သင်္ဘောပေါ်ကအခြေအနေများနှင့် ပတ် သက်၍ ဖြေကြားပေးရန် ဩဂုတ် ၁၂ ရက် တွင် ဒီမိုကရက်အထက်လွှတ်တော် အမတ် များက တောင်းဆို ခဲ့သည်။

ဩဂုတ် ၁၂ ရက်က ကာကွယ်ရေးဝန်ကြီး ပိဟတ်ဆက်ထံ ပေးပို့ခဲ့သောပေးစာတွင် အထက်လွှတ်တော်အမတ် ရစ်ချဒ်ဘလူးမန် သယ်က USS Abraham Lincoln လေယာဉ် တင်သင်္ဘောပေါ်ကအခြေအနေများကို ရေ တပ်က စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုထား သည်။ ထိုလေယာဉ်တင်သင်္ဘောသည် ရက် ပေါင်း ၂ဝဝ ကျော် ကမ်းကပ်ရခြင်းမရှိဘဲ ရက်ပေါင်း ၂၅၀ ကျော် တာဝန်ထမ်းဆောင် နေရသဖြင့် ပင်လယ်ပြင်$ ရက်ဆက်တာဝန် ထမ်းဆောင်သည့် စံချိန်ကို တင်သွားခဲ့သည်။

ဘလူးမန်သယ်က ယင်းသို့ ရက်ရှည် တာဝန်ထမ်းဆောင်ရခြင်းအတွက် စိုးရိမ် ကြောင်းဖော်ပြခဲ့သည်။ လွှတ်တော်အမတ် က လင်ကွန်းလေယာဉ်တင်သင်္ဘောပေါ်မှ အခြေခံစားနပ်ရိက္ခာ ပြတ်လပ်မှုများ၊ ရေမ သန့်ရှင်းသော ပြဿနာများ၊ ရေပိုက်ပြဿနာ များ၊ ဆိုးရွားလာနေသော စိတ်ကျန်းမာရေး ပြဿနာများ၊ ကုန်းပတ်ပေါ်$ ဘေးကင်းရေး ပြဿနာများ၊ အခြားသောပြဿနာများရှိ နေသည်ဟူသော သတင်းများ ဩဂုတ် ၁၂ ရက်တွင် ထွက်ပေါ်လာသည်ဟု ဖော်ပြထား သည်။

ဆိုးရွားသည့် အခြေအနေများဖြစ်ပေါ် နေကြောင်း သတင်းများ ထွက်ပေါ်နေခြင်းကို စုံစမ်းစစ်ဆေးရန် ပါတီ နှစ်ရပ်မှ အထက်လွှတ် တော်အမတ်များပါသော ကိုယ်စားလှယ်အဖွဲ့ လင်ကွန်းလေယာဉ်တင်သင်္ဘောပေါ်သို့ တရားဝင် ကြီးကြပ်ရေး ခရီးသွားရန်ပို့စ်တစ် ခုကို အထက်လွှတ်တော် အမတ် ရူဘင်ဂါလီဂိုက x တွင် ပို့စ်တင်ခဲ့သည်။

USS Abraham Lincoln လေယာဉ် တင်သင်္ဘောသည် တောင်တရုတ်ပင်လယ်တာဝန်ထမ်းဆောင်ရေးအတွက် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ကယ်လီဖိုးနီးယားပြည် နယ် ဆန်ဒီယေဂိုမြို့မှ ထွက်ခွာလာခဲ့ခြင်းဖြစ် ပြီး အမေရိကန်-အစ္စရေးတို့ပူးပေါင်း၍ ဖေ ဖော်ဝါရီ ၂၈ ရက်တွင် အီရန်အား တိုက်ခိုက် ခြင်းမပြုမီ အရှေ့အလယ်ပိုင်းသို့ လမ်း ကြောင်းပြောင်းခဲ့ရသည်။

မကြာသေးမီက မိသားစုဝင်များနှင့် ရေ တပ်ခေါင်းဆောင်များ နှစ်ကြိမ်တွေ့ဆုံခဲ့ရာ တွင် လင်ကွန်းသင်္ဘောပေါ်က သင်္ဘောသား နှင့် မရိန်းတပ်သား ၅ဝဝဝ ရင်ဆိုင်နေရသော စားနပ်ရိက္ခာပြတ်လပ်မှုများအပါအဝင် ခက် ခဲသော အခြေအနေများနှင့်ပတ်သက်၍ ပြဿနာတက်ခဲ့ရပြီး မိမိတို့ချစ်ရသူများ နေ အိမ်သို့ မည်သည့်အချိန်တွင် ပြန်ရမလဲဆို သည်ကို မိသားစုဝင်များက မေးမြန်းခဲ့သည် ဟု MSNOW က သတင်းဖော်ပြခဲ့သည်။

အချို့သည် ပြင်းထန် စိတ်ကျန်းမာရေး ပြဿနာများရှိနေပြီး သင်္ဘောပေါ်မှ ခုန်ချ ရန် ကြိုးပမ်းခဲ့ကြသည်ဟု သတင်းများ ထွက် ပေါ်ခဲ့သည်။

Ref;AFP

Photos-AFP

မူရင်းသတင်း — Eleven Media Group