
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာကွန်ဂို)၏ အီဘိုလာ ရောဂါကူးစက်ပြန့်ပွားမှုသည် ဆဋ္ဌမမြောက် ပြည်နယ်သို့ ကူးစက်ရောက်ရှိသွားပြီဖြစ်ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (Africa CDC) ၏ အဓိကတာဝန်ရှိသူက ဩဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ရောဂါကူးစက်ခံရခြင်းမရှိသေးသော ဘာစ်-အူအေလီပြည်နယ်တွင် အီဘိုလာရောဂါဖြင့် သေဆုံးမှုတစ်ခုတွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကြိုတင်ထိခိုက်ထားခြင်း မရှိသေးသည့် ဘာစ်-အူအေလီပြည်နယ်တွင် သေဆုံးမှုတစ်ခု မှတ်တမ်းတင်ခဲ့ပြီးနောက် ကွန်ဂိုနိုင်ငံ၏ အီဘိုလာ ရောဂါကူးစက်ပြန့်ပွားမှုသည် ဆဋ္ဌမမြောက် ပြည်နယ်သို့ ကူးစက်ရောက်ရှိသွားပြီဖြစ်ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (Africa CDC) ၏ အဓိကတာဝန်ရှိသူကပြောကြားခဲ့သည်။
အဆိုပါ အမျိုးသားသည် ဟော့တ်-အူအေလီ ပြည်နယ်ရှိ အီဆီရိုမြို့မှ ဘာစ်-အူအေလီ ပြည်နယ်၏ မြို့တော် ဘူတာ သို့ သွားရောက်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန၏ ညွှန်ကြားရေးမှူးချုပ် ယန်းကာဆီယာ က ပြောကြားခဲ့သည်။
သူသည် မော်တော်ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ တစ်ဦးဖြစ်ပြီး မသေဆုံးမီ ဆေးရုံအများအပြားတွင် ဆေးကုသမှု ခံယူခဲ့ကြောင်း ကွန်ဂိုနိုင်ငံ အမျိုးသား ဇီဝဆေးဝါးသုတေသန အဖွဲ့အစည်း၏ အဓိကတာဝန်ရှိသူ ယန်းဂျက်ကက်စ်မူယမ်ဘီ က ပြောကြားခဲ့သည်။
သူ၏ လုပ်ဖော်ကိုင်ဖက်များက ၎င်း၏ အလောင်းကို အဓမ္မ လုယူရန် ကြိုးပမ်းခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်တားဆီးခဲ့ရပြီးအခြား လူအများအပြားထံသို့ ဗိုင်းရပ်စ် ကူးစက်သွားနိုင်သည့် စိုးရိမ်မှုများလည်း ထွက်ပေါ်လာခဲ့ကြောင်း မူယမ်ဘီက ဖြည့်စွက်ပြောကြားခဲ့သည်။
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် ယခု ကူးစက်ပြန့်ပွားမှုသည် အလျင်မြန်ဆုံး ကူးစက်ပြန့်ပွားမှုအဖြစ် သတ်မှတ်ခံထားရပြီး လွန်ခဲ့သော ဆယ်စုနှစ်တစ်စုကျော်က လူပေါင်း ၁၁,၀၀၀ ကျော် သေဆုံးခဲ့သည့် သမိုင်းတွင် အဆိုးရွားဆုံး ဖြစ်စဉ်ထက် ပိုမိုကျော်လွန်သွားနိုင်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကဩဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိ ကူးစက်ပြန့်ပွားမှုကို ဖြစ်ပေါ်စေသည့် ရှားပါး ဘန်ဒီဘူဂျိုဗိုင်းရပ်စ်အတွက် တရားဝင် အတည်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် ကုသဆေးများ မရှိသေးပေ။
Ref:AFP
Photo:AFP