Eleven Media Group

တောမီး လောင်ကျွမ်းခဲ့သည့်ဒေသသို့ သွားရောက်စဉ် ပြင်သစ်ဝန်ကြီးချုပ်ကို ဒေသခံများက လှောင်ပြောင်

​ပြင်သစ်နိုင်ငံ၌ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုဖြစ်စဉ်ကို အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံအား မကျေနပ်‌ကြောင်း ပြသသည့်အနေဖြင့် ယခုနွေရာသီ စောစောပိုင်းက တောမီး‌လောင်သည့်‌ ဒေသသို့ ဩဂုတ် ၁၇ ရက်တွင် ရောက်ရှိလာသော ဝန်ကြီးချုပ်ကို ဒေသခံများက လှောင်ပြောင်ခဲ့ကြသည်။

​ဇူလိုင်လနှောင်းပိုင်းနှင့် သြဂုတ်လဆန်းပိုင်းတို့တွင် ဂျီရွန်ဒီဒေသ၌ တောမီးများ ကူးစက်လောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၁၈၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဘော်ဒိုးမြို့အထိခြိမ်းခြောက်မှုရှိခဲ့သည်။

ပြင်သစ်တောင်ပိုင်း၌မီးဘေးသင့်ခဲ့သည့် လီပေါ့ဂျ်မြို့၏မြိုတော်ခန်းမရှေ့တွင် အနက်ရောင်ဝတ်ဆင်ထားသူ လူ ၂၀၀ ခန့် စုဝေးခဲ့ကြသည်။

​ဝန်ကြီးချုပ် ဆဘက်စ်တီယန်လီကော်နူးသည် မြို့တော်ဝန် မာရှယ်ဇာနီနက်တီနှင့် တွေ့ဆုံရန် အချက်ပြမီးများဖွင့်၍‌ မောင်းလာသော မော်တော်ယာဉ်ဖြင့် ရောက်ရှိလာစဉ် လူထုက လှောင်ပြောင်ခြင်း၊ လက်ကွင်းမှုတ်ခြင်းနှင့် အစိုးရဆန့်ကျင်ရေးကြွေးကြော်သံများ အော်ခဲ့ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်ဟု AFP သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

​လူအုပ်ကက “သူ ဘယ်မှာလဲ၊ သူ ဘယ်မှာလဲ” ဟု အော်ဟစ်ခဲ့ကြသည်။

​အသက် ၆၅ နှစ်အရွယ် ပင်စင်စား တိုနီဗေးဂါးက ဝန်ကြီးချုပ်သည် ယုတ်စွာအဆုံးဒေသခံများနှင့် တွေ့ဆုံခဲ့ရလိမ့်မည်ဟု ပြောကြားခဲ့ပြီး “ကျွန်တော်တို့ကို လုံးဝအလေးမထားတဲ့ ပြုမူမှုမျိုးဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည့်။

​ဝန်ကြီးချုပ်ရုံးကမူ ဝန်ကြီးချုပ်သည် မီးဘေးသင့်ဒေသခံများနှင့် တောင်သူများအား တွေ့ဆုံစကားပြောကြားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

​ဝန်ကြီးချုပ် လီကော်နူးက လီပေါ့ဂျ်မှ ထွက်ခွာပြီးနောက် အနီးရှိ မဲရီးညက်မြို့၌ ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် “လွန်ခဲ့တဲ့သီတင်းပတ်တွေအတွင်း မီးဘေးကာကွယ်‌ရေးဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်လို့ ကျွန်‌တော်တို့ဘက်က ဖုံးကွယ်ထားစရာ လုံးဝမရှိပါဘူး” ဟု ပြောကြားခဲ့သည်။

Photo- AFP

မူရင်းသတင်း — Eleven Media Group