
စက်တင်ဘာ ၃၀ ရက်တွင် အစ္စရေးနိုင်ငံသို့ ပျံသန်းလာသည့် Flydubai လေယာဉ်တစ်စင်း ဆော်ဒီအာရေဗျသို့ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပြီး လေယာဉ်ပေါ်တွင် ပိုင်းလော့တစ်ဦးက အခြားပိုင်းလော့ကို ဓားဖြင့်ထိုးခဲ့ကာ လေယာဉ်ပျက်ကျအောင် ကြိုးပမ်းခဲ့ပုံရကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပြောကြားသည်။
► နေတန်ယာဟု အဆိုအရ ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများက ကျူးလွန်သူပိုင်းလော့ကို ဝိုင်းဝန်းထိန်းချုပ်နိုင်ခဲ့ပြီး ၎င်းကို ဆော်ဒီအာဏာပိုင်များက ဖမ်းဆီးစစ်ဆေးနေသည် ။ လေယာဉ်ပေါ်ရှိ ခရီးသည်အများစုနီးပါးက အစ္စရေးနိုင်ငံသားများဟု သိရသည်။
► အစ္စရေးသံအမတ်တစ်ဦးက ဓားဖြင့်ထိုးခံရသူ ပိုင်းလော့သည် ယူအေအီးနိုင်ငံသားဟု ပြောသည်။
► ဆော်ဒီအာရေဗျတွင် သောင်တင်နေသည့် ခရီးသည်များကို Flydubai မှ အစားထိုးလေယာဉ်က သွားရောက်ခေါ်ဆောင်ကာ အစ္စရေးနိုင်ငံ ၊ တဲလ်အဗစ်မြို့သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ခရီးသည်များကို ပြန်လည်ခေါ်ဆောင်ရန် အစ္စရေးက စစ်ဘက် သို့မဟုတ် အရပ်ဘက်လေယာဉ် စေလွှတ်ခွင့် တောင်းဆိုခဲ့သော်လည်း ဆော်ဒီအာရေဗျက လက်မခံခဲ့ပေ။
► လေယာဉ်ကို ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့သူမှာ co-pilot ဖြစ်ပြီး အိုမန်နိုင်ငံသားဟု အစ္စရေးအရာရှိများကဆိုသည်။
► လေယာဉ်ကို ပြန်လည်ထိန်းချုပ်နိုင်အောင် ကူညီခဲ့သူများကို ဝန်ကြီးချုပ်နေတန်ယာဟုက သူရဲကောင်းများဟု ချီးကျူးခဲ့ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ကာ ဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်မည့်အခြေအနေကို တားဆီးနိုင်ခဲ့ကြောင်း ပြောသ
► အစ္စရေးကာကွယ်ရေးဝန်ကြီးက ယခုဖြစ်ရပ်ကို ဂျီဟတ်ဝါဒီ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ရန် ကြိုးပမ်းမှုဟု ခေါ်ဝေါ်ခဲ့သည်။
Ref: CNN
Photo: Reuters