Eleven Media Group

■ အမေရိကန်၏စီးပွားရေးဆိုင်ရာ အရေးပေါ်နေ့ဟူသော ခြိမ်းခြောက်မှုကို အီရန်က ပယ်ချ

အီရန်ကဝါရှင်တန်၏စီးပွားရေးဆိုင်ရာဖိအားပေးမှုစစ်ဆင်ရေးကိုသြဂုတ်၂၄ရက်တွင်ပယ်ချလိုက်ပြီး တီဟီရန်၏စစ်ရေးစွမ်းရည်များနှင့်နျူကလီးယားစွမ်းရည်များကို ဖျက်ဆီးပစ်လိုက်ပြီဟူ‌သောအမေရိကန် ၏ပြောဆိုမှုများသည်မှားနေသည်ဟုပြောကြားခဲ့သည်။

"အီရန်ရဲ့စစ်ရေးစွမ်းရည်ကိုဖျက်ဆီးလိုက်ပြီ၊ အီရန်ရဲ့စစ်ဘက်စက်ရုံ‌တွေကို ၁၀၀ ရာခိုင် နှုန်းဖျက်ဆီးပစ်လိုက်ပြီ၊ အီရန်ရဲ့နျူကလီး ယားအစီအစဉ်ကိုမြှုပ်နှံပစ်လိုက်ပြီလို့ ခင်ဗျားတို့ပြောနေတဲ့စကားဟာအရာမထင်ပါဘူး"ဟု အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခါဇမ်ဂါရီဘာဘာဒီက X တွင်ပို့စ်တင်ခဲ့သည်။

"ဒါ့အပြင် သမိုင်းမှာ အကြီးမားဆုံးဘဏ္ဍာရေးဆိုင်ရာကျူးကျော်မှု၊အမေရိကန်ပြည်ထောင်စုရဲ့အဖွဲ့အစည်းအားလုံးနဲ့ပါဝါအားလုံးကိုစုစည်းဖို့အတွက်လိုအပ်ချက်ရှိနေပါတယ်။ အဲဒါဟာအောင်ပွဲလား ဒါမှမဟုတ် အမေရိကန်ရှုံးပြီဆိုတာကိုဝန်ခံတာလား"ဟု သူကပို့စ်တွင်ဖြည့်စွက်ဖော်ပြခဲ့သည်။

စောစောပိုင်းတွင်အမေရိကန်ဘဏ္ဍာရေးဝန်ကြီ စကော့ဘက်ဆန့်က Financial Times သတင်းစာတွင်ရေးသားခဲ့ရာ၌ ဝါရှင်တန် သည် ရန်သူကိုတစ်ကြိမ်တည်း အကြီးမားဆုံး‌သောဘဏ္ဍာရေးစစ်ဆင်မှုကိုလုပ်ဆောင်နေသည့်ဟုဖော်ပြခဲ့ပြီး ယင်းသို့ လုပ်ဆောင်ခြင်းကိုစီးပွားရေးဆိုင်ရာအရေးပေါ်နေ့ဟု ဖော်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုကအီရန်၏စစ်ရေးစွမ်းရည်များကို ဖြိုဖျက်ပစ်ခဲ့ပြီး အီရန်၏စစ်ဘက်စက်ရုံ ၁၀၀ ရာခိုင်နှုန်းကိုဖျက်ဆီးပစ်ခဲ့ကာအီရန်၏နျူကလီယားအစီအစဉ်ကို မြှုပ်နှံပစ်ခဲ့ပြီးနောက် ဘဏ္ဍာရေးဆိုင်ရာစစ်စစ်ရေးဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဘက်ဆန့်က X တွင်ပို့စ်တင်ခဲ့သည်။

အီရန်အပေါ်အမေရိကန်၏ပိတ်ဆို့အရေး ယူမှုအသစ်များကိုသြဂုတ်၂၄ရက်တွင်ကြေညာရန်စီစဉ်ထားသည်ဟု ၄င်းကပြောကြားခဲ့သည်။

အမေရိကန်၏စီးပွားရေးဆိုင်ရာစစ်ဆင်ရေးတွင်ပူးပေါင်းပါဝင်သောနိုင်ငံများသည် အကျိုးဆက်များသေချာပေါက်ရှိလာလိမ့်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူ အက်စမေးလ်ဘာကေးက သတိပေးခဲ့သည်။

Ref:AFP
AFP photos

မူရင်းသတင်း — Eleven Media Group