Myanmar National Post

ကျိုက်ထိုမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (ပင်စင်စား) များကို စားအုန်းဆီ တစ်ပိဿာ(၇၉၂၈) ကျပ်နှုန်းဖြင့် ရောင်းချနေ


ကျိုက်ထို၊ ဩဂုတ် ၂၉

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ အခွန်လွတ်ဈေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း(ပင်စင်စား)များကို စားအုန်းဆီ တစ်ပိဿာ(၇၉၂၈)ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချနေမှုအားတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းစစ်‌ဆေးရာသို့ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးအောင်အေးခန့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မှူး ဦးဇော်ဦးတို့မှ စားသုံးဆီရောင်းချနေမှုများအားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကိုမှာကြားခဲ့ကြောင်းသိရသည်။


ပြည့်ဖြိုး

#News #Myanmar

မူရင်းသတင်း — Myanmar National Post