Myanmar National Post

တွန်းဇံမြို့၌ ပြည်သူ့‌ဆေးရုံဝန်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်





တွန်းဇံ၊ ဩဂုတ် ၂၉

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ရှင်းလင်းခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၏ အနီးကပ်ကြီးကြပ်ဦးဆောင်မှုဖြင့် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က ခေါဝုန်/လေးဆန်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံဝန်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြည်သူ့ဆေးရုံဝန်းပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှု့အားပေးကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ခလရ(၂၆၉)မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် ပြည်သူများ စုစုပေါင်းအင်အား (၃၁၃)ဦးက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post