Myanmar National Post

အမရပူရမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဩဂုတ် ၂၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဩဂုတ်လ ၂၆ ရက်နေ့ ၁၆၄၅ အချိန် အမရပူရမြို့နယ်၊ ကျင်တန်းရပ်ကွက်နေ ကျော်စိုး နှင့် မသန္တာဉီး တို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၂၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၈ ၀၀ အချိန် မနွယ်နွယ်ထွန်း(ခ)နွယ်နီ အား အဆိုပါရပ်ကွက်တွင် စိတ်ကြွဆေးပြား ၄,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၈၀)၊ မော်တော်ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၂၀၃၀ အချိန် မနွယ်နွယ်ထွန်း(ခ)နွယ်နီ နေထိုင်သည့် စဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၂၂,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၄၀)အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်စိုး(၆၄)နှစ်၊ မသန္တာဉီး(၅၅)နှစ် နှင့် မနွယ်နွယ်ထွန်း(ခ)နွယ်နီ(၃၅)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post