Eleven Media Group

အီကွေဒေါတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အရေးပေါ်အခြေအနေကြေညာ

အီကွေဒေါနိုင်ငံတွင် အယ်လ်နီညို အစွန်းရောက်ရာသီဥတုဖြစ်စဉ်ကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း တာဝန်ရှိသူများက ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ယခုနှစ် အယ်လ်နီညို ဖြစ်စဉ်သည် ပြင်းထန်သော မိုးခေါင်ရေရှားမှု ခံစားနေရသည့် ဗဟိုအမေရိကဒေသနှင့် တောမီးလောင်ကျွမ်းမှုများ ပိုမိုဆိုးရွားနေသည့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ပျက်စီးဆုံးရှုံးမှုများ စတင်ဖြစ်ပေါ်စေခဲ့သည်။

လက်ရှိ ဖြစ်ပေါ်နေသော အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်သည် ယခုနှစ်ကုန်တွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့ကိုအပူချိန် စံချိန်တင် မြင့်တက်စေလိမ့်မည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။

အီကွေဒေါနိုင်ငံ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနက အယ်လ်နီညို ဖြစ်စဉ်ကို တုံ့ပြန်သည့်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနီရောင်အဆင့် သတိပေးချက် ကြေညာခဲ့သည်ဟု ဆိုသည်။

အဆိုပါ သတိပေးချက် ထုတ်ပြန်လိုက်ခြင်းကြောင့် ကြိုတင် ရွှေ့ပြောင်းပေးရေး လုပ်ငန်းများနှင့် အခြား အစီအမံများကို စတင်လုပ်ဆောင်လျက်ရှိသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group