Eleven Media Group

■ မြောက်ကိုရီးယားက ဂျပန်ပင်လယ်အတွင်းသို့ ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယားက အောက်တိုဘာ ၁၂ ရက်တွင် ဂျပန်ပင်လယ်အတွင်းသို့ ပဲ့ထိန်းဒုံးကျည်များ အတွဲလိုက် ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား တပ်မတော် က ပြောကြားခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံနယ်စပ်တွင် မြေမြှုပ် မိုင်းပေါက်ကွဲမှုကြောင့် နှစ်နိုင်ငံကြား တင်းမာ မှုများ မြင့်တက်ခဲ့ပြီး သီတင်းပတ်အနည်းငယ် အကြာတွင် မြောက်ကိုရီးယားက ၎င်းင်း၏အ ရှေ့ဘက်ကမ်းလွန်တွင် ဒုံးကျည်များပစ်လွှတ် ခဲ့ခြင်းဖြစ်သည်။

ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန် အနီးရှိ တောင်ကိုရီးယားက ထိန်းချုပ်ထား သည့်နေရာတစ်ခုတွင် မြေမြှုပ်မိုင်းပေါက်ကွဲ ပြီး တောင်ကိုရီးယားစစ်သား သုံးဦးဒဏ်ရာရ ခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးသည် ဒုံးကျည်နည်း ပညာများကို အဆင့်မြှင့်တင်ခဲ့ပြီး စမ်းသပ်မှု များ ပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယားကလည်း နည်းပညာ အဆင့်မြှင့်တင်ရေးအတွက် သုတေသနပြု လုပ်ရာတွင် အောင်မြင်မှုကို အတည်ပြုနိုင်ရန် နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တစ်စင်း ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီး ယားနိုင်ငံပိုင် kcna သတင်းအေဂျင်စီက အောက်တိုဘာ ၁၃ က ဖော်ပြခဲ့သည်။

တောင်ကိုရီးယားဘက်က ထုတ်ပြန်ခဲ့ သည့် ဒုံးကျည်အရေအတွက်နှင့် မြောက်ကိုရီး ယားဘက်က ထုတ်ပြန်ခဲ့သည့် ဒုံးကျည်အရေ အတွက် ကွာဟနေသည့် အကြောင်းရင်းကိုမူ ချက်ချင်းမသိရသေးပေ။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကမူ ပဲ့ ထိန်းဒုံးကျည်ဟု ယူဆရသည့် အရာတစ်ခု ပစ်လွှတ်မှုတစ်ခုကို သီးခြား အတည်ပြုခဲ့ သည်။

အမေရိကန်၏ ပစိဖိတ်စစ်ဌာနချုပ်က မူ မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်နှစ် စင်း ပစ်လွှတ်ခဲ့ကြောင်း သို့သော် ထိုဒုံးကျည် ပစ် လွှတ်မှုများသည် အမေရိကန်စစ်မှုထမ်း များ၊ အမေရိကန်နယ်နိမိတ်နှင့် အမေရိကန် ၏ မဟာမိတ်များအတွက် တိုက်ရိုက်ခြိမ်း ခြောက်မှု မဖြစ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ် များအဖွဲ့ JCS ကမူ မြောက်ကိုရီးယားသည် အရှေ့ပင်လယ် (ဂျပန်ပင်လယ်ဟုလည်း လူ သိများ) အတွင်းသို့ ပဲ့ထိန်းဒုံးကျည်အချို့ကို ပစ်လွှတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့စစ်တပ်က ထောက်လှမ်း မှုတွေကို အရှိန်မြှင့်တင်ထားပြီး နောက်ထပ် ပစ်လွှတ်မှုအလားအလာတွေကို သတိနဲ့ စောင့်ကြည့်နေပါတယ်” ဟု JCS ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ ဒုံးကျည်အချို့ သည် ကီလိုမီတာ ၉၀၀ (မိုင် ၅၆၀) အထိ ပျံ သန်းခဲ့သည်ကို ထောက်လှမ်းသိရှိခဲ့သည်ဟု JCS က ဆိုသည်။

တောင်ကိုရီးယား အမျိုးသားလုံခြုံရေး ရုံးက အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုများနှင့်ပတ် သက်ပြီး အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ ပြီး စစ်တပ်၏ အသင့်အနေအထားရှိမှုကို ပြန်လည်သုံးသပ်ခဲ့သည်။

ပြီးခဲ့သည့် တစ်နှစ်ကျော်က စစ်မဲ့ဇုန် တွင် ပေါက်ကွဲခဲ့သည့် မြေမြှုပ်မိုင်းများသည် မြောက်ကိုရီးယားဘက်က ထောင်ထားသည့် မြေမြှုပ်မိုင်းများဖြစ်ကြောင်း တောင်ကိုရီး ယာနှင့် ကုလသမဂ္ဂ၏ ပူးတွဲစစ်ဆေးချက်တွင် ကောက်ချက်ချခဲ့သည်။

ref :afp

မူရင်းသတင်း — Eleven Media Group