Eleven Media Group

တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်ထက်ကျော်လွန်သွားပြီး ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရကာ ပြည်ထောင်စုကားလမ်းမကြီးလည်း ရေကျော်နေ

တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်ထက်ကျော်လွန်သွားပြီး ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရကာ ပြည်ထောင် စုကားလမ်းမကြီးလည်း ရေကျော်နေပြီဖြစ်ကြောင်းသိရသည်။

တနသ်ာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနသင်္ာရီမြို့နယ်ကို ဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီမြစ်ရေ မှာ ဩဂုတ်လ ၃၀ ရက်နေ့တိုင်းထွာချက်အရ အန္တရာယ်ရေအမှတ်ဖြစ်သည့် ၂၄ ပေကိုကျော်လွန်ပြီး ၂၄ ပေ ၆ လက်မအထိရောက်ရှိလာကြောင်းသိရသည်။ တနင်္သာရီမြစ်ရေ တက်လာ မှုကြောင့်မြို့ပေါ်နှင့်ကျေးရွာများတွင် ကယ်ဆယ်ရေးစခန်း ၅ ခုဖွင့်လှစ်ထားပြီးလူပေါင်း ၇၀၀ ခန့်ကိုပြောင်းရွှေ့နေရာချထားပေးရကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

"ဒီထက်များရင်လည်းများလာဦးမယ်၊စာရင်းကောက်နေတာတွေ၊နေရာရွှေ့ပြောင်းပေးထားရတာတွေရှိနေသေးတယ်၊စာရင်းမငြိမ်သေးဘူး၊ပြည်ထောင်စုကားလမ်းမကြီး ကိုမြစ်ရေ ၃ ပေကျော်အထိရောက်လာပြီ ကားငယ်တွေသွားလို့ မရတော့ဘူး"လို့တာဝန်ရှိသူတစ်ဦးကဆိုသည်။

မြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ်သွားသည့်နေအိမ်များမှပြည်သူများကိုကြက်ခြေနီအသင်းနှင့် တာဝန်ရှိသူများကကယ် ဆယ်ရေးစခန်းများနှင့်နီးစပ်ရာအမြင့်ပိုင်းနေရာများသို့ ပြောင်းရွှေ့နေရာ ချထားပေးလျက်ရှိကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့်တနသင်္ာရီမြစ်ရေမှာ လျင်မြန်စွာတက်လာနေပြီးဩဂုတ်လ ၂၈ ရက်တွင် စိုးရိမ်ရေအမှတ် ၁၇ ပေ ထက်များစွာကျော်လွန်ပြီး ၂၁ပေ ၂ လက်မအထိရှိရာမှ ဩဂုတ်လ ၃၀ ရက်တွင် အန္တရာယ်ရေအမှတ် ၂၄ ပေကိုကျော်လွန်ပြီး ၂၄ ပေ ၆ လက်မအထိရောက်ရှိလာခြင်း ဖြစ်ကြောင်းသိရသည်။

တနသင်္ာရီမြစ်၏ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေ‌၊အန္တရာယ်ရေအမှတ်မှာ ၂၄ပေ သတ်မှတ်ထားကြောင်းသိရသည်။

မူရင်းသတင်း — Eleven Media Group