
နီပေါနှင့် တရုတ်နယ်စပ်အနီးတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် နီပေါနိုင်ငံ၌ သေဆုံးသူ ၇၃၄ ဦးအထိ မြင့်တက်လာခဲ့ပြီး ၂၄၉၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ဩဂုတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ရေဘေးအန္တရာယ်ကြောင့် တရုတ်နိုင်ငံ၏ တိဘက်ဒေသတွင် ၁၆ ဦး သေဆုံးပြီး ၅၄၆ ဦး ပျောက်ဆုံးနေကြောင်း တရုတ် အစိုးရပိုင် မီဒီယာများက အတည်ပြုထားခဲ့သည်။
ထို့ကြောင့် နှစ်နိုင်ငံစလုံးတွင် သေဆုံးသူ စုစုပေါင်း ၇၅၀ အထိ ရှိလာပြီး ပျောက်ဆုံးနေသူ စုစုပေါင်း ၃၀၄၄ ဦးအထိ ရှိလာခဲ့သည်။
နီပေါနိုင်ငံ၌ ပျောက်ဆုံးနေသူ အရေအတွက်သည် ဩဂုတ် ၂၉ ရက်က နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ၂၄၂၆ ဦးထက် ပိုမိုမြင့်တက်လာခဲ့ခြင်း ဖြစ်ကာ ပျောက်ဆုံးနေသူများထဲတွင် နိုင်ငံခြားသား ၅၈၉ ဦး ပါဝင်သည်။
Ref: AFP