Eleven Media Group

ပရီးမီးယားလိဂ်၊ စီးရီးအေနဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်

Photo: X

အက်စတွန်ဗီလာ - အာဆင်နယ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

အဖွင့်ပွဲမှာ အက်စတွန်ဗီလာက ဘရိုက်တန်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အာဆင်နယ်က ကိုဗင်ထရီကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းက ဒီရာသီမှာ ကစားသမားအပြောင်းအလဲတွေ များပြားနေတာကြောင့် အသင်းသစ်တစ်သင်းလို ပြန်တည်ဆောက်နေရပါတယ်။ အက်စတွန်ဗီလာက အာဆင်နယ်ကို အခက်တွေ့စေတတ်တဲ့ အစဉ်အလာရှိသလို၊ အူနိုင်းအမ်မရီကလည်း အသင်းဟောင်းကို ဒုက္ခပေးတတ်တဲ့သူဖြစ်တာကြောင့် အာဆင်နယ်အသင်း သတိတော့ထားရမှာပါ။ လတ်တလောအနေအထားအရတော့ အာဆင်နယ်အသင်းပဲ နိုင်ပွဲဆက်ဦးမှာ သေချာပါတယ်။

ဘာစီလိုနာ - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂းဝ၀ နာရီ)

ဘာစီလိုနာအသင်းက လာလီဂါနှစ်ပွဲဆက်တိုက် Clean Sheet ရလဒ်တွေနဲ့ အနိုင်ရထားပါတယ်။ ဗယ်လက်ကာနိုက တစ်ပွဲသရေ၊ တစ်ပွဲရှုံးထားတဲ့ အသင်းဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ အင်အားချင်းလည်း ကွာခြားပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ထိပ်တိုက်ဆုံတွေ့တဲ့ ပွဲတွေမှာ ဘာစီလိုနာအသင်းအနေနဲ့ ဗယ်လက်ကာနိုကို ပြတ်ပြတ်သားသားအနိုင်မယူနိုင်ခဲ့ပါဘူး။ ဒါကြောင့် အိမ်ကွင်းမှာ ဘာစီလိုနာအသင်း (၃)ဂိုးပြတ်အနိုင်ရပါ့မလားဆိုတာ စဉ်းစားဖို့တော့ လိုနေပါတယ်။ အနိုင်ရလဒ်ကတော့ ဘာစီလိုနာအတွက် ဖြစ်မှာပါ။

အခြားပွဲများ

လက်ချီ - ရိုုးမား *
* အတ္တလန်တာ - ဘိုလော့ဂ်နာ
အိုဆာဆူနာ - ဂီတာဖေး *

မူရင်းသတင်း — Eleven Media Group