Myanmar National Post

ဝမ်းတွင်းမြို့နယ်၌ အိမ်သုံးမီတာများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Website သို့ ဝင်ရောက်၍ Online စနစ်ဖြင့် လျှောက်ထားနိုင်ရေး အသိပညာပေး


ဝမ်းတွင်း၊ သြဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ အိမ်သုံးမီတာများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Website သို့ဝင်ရောက်၍ Online စနစ်ဖြင့် လျှောက်ထားရေး အသိပညာပေးလက်ကမ်းစာစောင်များကို  သြဂုတ် ၃၁ ရက် နံနက်က သဲတော​ဈေးတွင် ဖြန့်ဝေသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Website သို့ ဝင်ရောက်၍ Online စနစ်ဖြင့် အိမ်သုံးမီတာများကို လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)မှ စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သတ်မှတ်ချက်များ ပြည့်စုံစွာစီစစ်ဆောင်ရွက်ပြီးပါက အမြန်ဆုံးတပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ Online စနစ်ဖြင့် မီတာများလျှောက်ထားရာတွင် ဒေသခံပြည်သူများသိရှိနိုင်ရေး မြို့နယ်လျှပ်စစ်ဝန်ထမ်းများက မီတာလျှောက်ရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး Online စနစ်ဖြင့် မီတာများလျှောက်ထားနည်း အသိပညာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)

#News #Myanmar

မူရင်းသတင်း — Myanmar National Post