Myanmar National Post

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(နဝမနေ့) အောင်မြင်စွာကျင်းပပြီးစီး




ထားဝယ်၊ ဩဂုတ် ၃၁

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(နဝမနေ့)ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေး၌  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် တတိယပုံမှန်အစည်းအဝေး(နဝမနေ့)တက်ရောက်မှု ကိုအတည်ပြုမှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးအဖွဲ့တွင် အဖွဲ့ဝင်နှစ်နေရာကို အစားထိုးတာဝန်ပေးအပ်ရန်ကိစ္စနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူခြင်းနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အမှာစကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post