
စက်တင်ဘာ - ၁ ( အင်္ဂါနေ့ )
လက်ရှိ အမေရိကန်ရဲ့ တိုက်ခိုက်မှုအသစ်များကို အီရန်ဘက်က ပိုမိုပြင်းထန်စွာ တုံ့ပြန်ရန် ပြင်ဆင်နေပြီး၊ စစ်ဘက်ဆိုင်ရာ နေရာများအပြင် စီးပွားရေးဆိုင်ရာ ပစ်မှတ်များကိုပါ တိုက်ခိုက်သွားနိုင်တယ်လို့ တီဟီရန် တက္ကသိုလ် ပါမောက္ခ ဆေးယက် မာရန်ဒီ က ဆိုလိုက်ပါတယ်။
ဇူလိုင်လနှောင်းပိုင်းကနေစခဲ့တဲ့ တစ်လကြာ စစ်ရေးငြိမ်သက်နေရာမှ အမေရိကန်နှင့် အီရန်တို့အကြား တိုက်ရိုက်တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့ပြီးနောက် ၎င်းရဲ့ သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ဟော်မုဇ် ရေလက်ကြားရှိ လာရက်ခ်ကျွန်း ပေါ်တွင် ပင်လယ်ရေမိုင်းများ တင်ဆောင်ထားသည့် ဒုံးပျံများ ပစ်လွှတ်ရန် ပြင်ဆင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အီရန် ဒုံးပျံလွှတ်တင်ရေးစခန်းနှစ်ခုကို အမေရိကန်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်သည်များနှင့် အရပ်သားအချို့ သေဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း တီဟီရန်က ပြောကြားခဲ့ပြီး လက်စားချေတုံ့ပြန်မယ်လို့ ကတိပြုထားခဲ့ပါတယ်။
အဲ့ဒိနောက်မှာတော့ အီရန်သည် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ စခန်းများကို ဒုံးပျံများနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆောက်အအုံများနှင့် တိုက်လေယာဉ် တပ်စခန်းများကို ထိခိုက်ပျက်စီးစေခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
မာရန်ဒီ က အမေရိကန်ရဲ့ တိုက်ခိုက်မှုအသစ်များကို ဝါရှင်တန်ဘက်ကလုပ်နေတဲ့ "တွက်ချက်မှု အမှားကြီး" လို့ ဖော်ပြခဲ့ပြီး၊ အီရန်အနေနဲ့ စစ်သည်များ ကျဆုံးခဲ့ရပေမဲ့ နောက်ဆုတ်သွားမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်ဘက်က အီရန်ကို စစ်ဘက်ဆိုင်ရာရော စီးပွားရေးဆိုင်ရာ ပစ်မှတ်များကိုပါ တိုက်ခိုက်မှုတွေ လုပ်လာရင် အီရန်ဘက်က လက်လျှော့သွားမယ်လို့ အမေရိကန်တွေရဲ့ သုံးသပ်ချက် နဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။
"တုံ့ပြန်မှုဟာ ပိုမိုနာကျင်စရာ ကောင်းလိမ့်မယ်။ လာမဲ့သီတင်းပတ်များအတွင်း အမေရိကန် စီးပွားရေးအပေါ် သိသာထင်ရှားသော သက်ရောက်မှုများ ရှိလာနိုင်ပြီး အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲများကိုပင် ထိခိုက်သွားနိုင်မှာပါ” လို့ ဆိုပါတယ်။
Ref: RT
#News #Myanmar