
၂၀၂၆ ခုနှစ်အတွက် ရေမွန် မက်ဆေးဆေးဆု ရရှိသူများထဲတွင် AAPP အဖွဲ့ ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ပါဝင်ခဲ့သည်။
ဦးဘိုကြည်သည် ၆၈ ကြိမ်မြောက် ရေမွန်မက်ဆေးဆေးဆုကို စင်ကာပူသံတမန် တွမ်မီကိုး၊ ဘင်္ဂလားဒေ့ရှ် လူမှုရေး၊ စီးပွားရေးလုပ်ငန်းရှင် ရူနာခန်တို့နှင့်အတူ ရရှိခဲ့ခြင်းဖြစ်သည်။
ရေမွန်မက်ဆေးဆေးဆုသည် အာရှ၏ အထူးခြားဆုံးနှင့် အမြင့်ဆုံး အသိအမှတ်ပြုဆုဖြစ်ပြီး အာရှ၏ နိုဘယ်ဆုအဖြစ်လည်း တင်စားခံထားရသည်။
ဦးဘိုကြည်၊ တွမ်မီကိုးနှင့် ရူနာခန်းတို့အား အာရှဒေသအတွက် ထူးခြားပြောင်မြောက်စွာ ပါဝင်ကူညီခဲ့မှုများအတွက် ဩဂုတ် ၃၁ ရက်က ကျင်းပခဲ့သည့် အခမ်းအနားတစ်ခုတွင် ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။
ထိုအခမ်းအနားကို ရေမွန်မက်ဆေးဆေးဆု၏ အမှတ်တရ ဂုဏ်ပြုပုဂ္ဂိုလ်ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၏ ၇ ဦးမြောက် သမ္မတ ရေမွန်မက်ဆေးဆေး၏ ၁၁၉ နှစ်မြောက် မွေးနေ့နှင့် တိုက်ဆိုင်စွာ ကျင်းပခဲ့သည်။
ဦးဘိုကြည်သည် အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုများကို အကူအညီများ ပေးအပ်ရင်း နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံရမှုများကို မှတ်တမ်းတင်ပေးသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်သည်။
Ref: Inquirer.net