Eleven Media Group

■ ဩဂုတ်လသည် အိန္ဒိယနိုင်ငံတွင် ၁၉၀၁ ခုနှစ်နောက်ပိုင်း အပူဆုံးလဖြစ်

ဩဂုတ်လသည် အိန္ဒိယနိုင်ငံတွင် ၁၉၀၁ ခုနှစ်နောက်ပိုင်း အပူဆုံးလဖြစ်ကြောင်း သိရသည်။

အိန္ဒိယသည် ၁၉၀၁ ခုနှစ်တွင် မှတ်တမ်းများ စတင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံ၏အပူဆုံး ဩဂုတ်လကို ကြုံတွေ့ခဲ့ရပြီး ပျမ်းမျှအပူချိန်မှာ 28.01C ကို ရောက်ရှိခဲ့သည်ဟုအိန္ဒိယ မိုးလေ၀သဌာနက ပြောကြားခဲ့သည်။

ထိုပျမ်းမျှအပူချိန်မှာသြဂုတ်လအတွက်ကာလရှည် ပျမ်းမျှအပူချိန်အထက် 0.67C ရှိခဲ့သည်ဟုအိန္ဒိယမိုးလေဝသဌာနကပြောကြားခဲ့သည်။ အဆိုပါရလဒ်များကိုအိန္ဒိယမိုးလေဝသဌာနကသြဂုတ်လကုန်တွင်ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။

ထိုအပူချိန်သည် ပျမ်းမျှအပူချိန် 28.0C ရှိခဲ့သည့် ၂၀၂၃ ခုနှစ်တုန်းက တင်ခဲ့သည့် ဩဂုတ်လအတွက် စံချိန်ဟောင်းကိုချိုးခဲ့သည်။

အိန္ဒိယနိုင်ငံ၏မုတ်သုံမိုးရေချိန်သည်

သြဂုတ်လတွင်သာမန်ထက်၁၆ရာခိုင်နှုန်းလျော့နည်းနေခဲ့သည်ဟု မိုးလေဝသဌာနကပြောကြားခဲ့သည်။ အယ်လ်နီညိုအခြေအ နေများကြောင့်သြဂုတ်လတွင်အပူချိန်မြင့်တက်ခဲ့သည်ဟုဆိုသည်။

အယ်လ်နီညိုသည်သဘာဝအလျောက်ဖြစ်ပေါ်သောရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပြီး ကမ္ဘာတဝန်းတွင်လေကြောင်းများ၊ လေ ဖိအားများနှင့်မိုးရွာသွန်းမှုပုံစံများကိုအပြောင်းအလဲဖြစ်စေသောမိုးလေဝသဖြစ်စဉ်ဖြစ်သည်။

Photo - AFP

မူရင်းသတင်း — Eleven Media Group