Eleven Media Group

ပါကစ္စတန်အနောက်မြောက်ပိုင်း၌ စာသင်ကျောင်း ခေါင်မိုးပြိုကျသဖြင့် ဆရာတစ်ဦးနှင့် ကျောင်းသား ၂၇ ဦးသေဆုံး

အောာက်တိုဘာ ၁၅ ရက်က ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့၌ စာသင်ကျောင်း ခေါင်မိုးပြိုကျခဲ့ သဖြင့် ကျောင်းသား ၂၇ ဦးနှင့် ဆရာတစ်ဦးတို့ သေဆုံးခဲ့သည်ဟု ဆေးရုံတာဝန်ရှိသူက ပြောကြားခဲ့သည်။

ပက်ရှ်ဝါမြို့ရှိ Lady Reading ဆေးရုံ မှ အဆမ်ခန်းက စုစုပေါင်းသေဆုံးသူအရေအတွက်ကို AFP သို့ အတည်ပြုပေးခဲ့သည်။ လူ ၃၀ ကျော်ဒဏ်ရာရခဲ့ပြီး ခြောက်ဦးသည် စိုးရိမ်ရသည်ဟု ဆိုသည်။

ခေါင်မိုးပြိုကျခဲ့ပြီးနောက် ကျောင်းသားများ ပိကုန်ပြီး ပိတ်မိကုန်သည်ဟု ခိုင်ဘာပက် ခွန်ခွာပြည်နယ်ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အတွက် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“ပြိုကျမှုဖြစ်ပွားတဲ့နေရာကို Rescue 1122 အရေးပေါ်တုံ့ြ့ပန်ရေးအဖွဲ့တွေ ရောက်လာတဲ့အခါ ခေါင်မိုးတစ်ခုက အခြား ခေါင်မိုးတစ်ခုအပေါ်ကို ပြိုကျနေတာကို သူတို့တွေ့ခဲ့ကြပါတယ်။ အမိုးအောက်မှာရှိတဲ့ စာသင်ခန်းဟာ ပြိုကျခဲ့ပါတယ်။ အတွင်းထဲမှာ ကလေးတွေ ပိတ်မိခဲ့ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ဘိုင်လာအာမက်ဖိုင်ဇီက ပြောကြားခဲ့သည်။

အပျက်အစီးများအောက်တွင် နောက်ထပ်ကလေးများ ပိတ်မိနေနိုင်သည့် အနေအထားကို စိုးရိမ်နေရသည်။ ပြိုကျမှုဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ် ၁၆ စင်း၊ ဘေး အန္တရာယ်တုံ့ပြန်ရေးယာဉ် နှစ်စင်း၊ လူ ၆၀ ကျော် စေလွှတ်ခဲ့သည်ဟု သိရသည်။

ခေါင်မိုးပြိုကျရခြင်းမှာ စံချိန်စံညွှန်းမမီသည့် ဆောက်လုပ်ရေးပစ္စည်းများကို အသုံးပြုထားသောကြောင့် ဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရန်တောင်း ဆိုခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group