
မြန်မာ ယူ-၂၀ လူငယ်များဟာ ဒီနေ့မှာ ဘရူနိုင်း ယူ-၂၀ နဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီနေ့ပွဲမှာ မြန်မာလူငယ်များက တစ်ဖက်သတ် ဖိအားပေးကစားနိုင်ခဲ့ပါတယ်။
မြန်မာလူငယ်ကစားသမားများဟာ ဂိုးတွေ တစ်လုံးပြီး တစ်လုံး သွင်းယူခဲ့ရာမှာ (၇ -ဝ) ရလာဒ်အထိ ရောက်ခဲ့ပါတယ်။ သို့သော်လည်း မြန်မာလူငယ်တွေ အပျော်လွန်ပြီး အောင်ပွဲမခံခဲ့ကြဘူး။
တစ်ဂိုးသွင်းယူပြီးတိုင်း အချိန်မဆွဲဘဲ ပွဲစနိုင်ဖို့ ဂိုးသွင်းယူပြီးတာနဲ့ ဘောလုံးကို အပြေးအလွှားသွားကောက်ယူပြီး ပွဲကိုစတင်စေခဲ့ပါတယ်။
ဒါက မြန်မာလူငယ်တွေမှာ ဖိအားရှိနေတယ်။ မြန်မာ ယူ-၂၀ ရဲ့ စွမ်းဆောင်ရည် ကျဆင်းခဲ့လို့ ရလဒ်တွေလည်း မကောင်းခဲ့ပါဘူး။ သီရိလင်္ကာနဲ့ပွဲစဉ်မှာ (၄-ဝ) နဲ့ နိုင်ခဲ့ပေမယ့်လည်း အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး က အားမရသေးဘူး။ ဒီထက်မက ဂိုးတွေ သွင်းယူနိုင်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။ ဒီနေ့မှာ ဥက္ကဋ္ဌကြီး လိုချင်တဲ့ ရလဒ်မျိုး ရဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။
ဒါပေမယ့် ဒီနေ့ ရလာဒ်မျိုးကိုတော့ ပျော်ပျော်ပါးပါး ဂုဏ်ယူလိုက်ပါလို့ ပြောချင်ပါတယ်။
နောက်ဆုံး မော်ဒိုက်နဲ့ ပွဲစဉ်လည်း ရှိနေပါသေးတယ်။ မော်ဒိုက်နဲ့ သီရိလင်္ကာရလဒ် ဘယ်လိုရှိမလဲ။ မြန်မာလူငယ်များအနေနဲ့ မော်ဒိုက်ကို ဂိုးပြတ်အနိုင်ယူနိုင်မလား။
#News #Myanmar