
နေပြည်တော်၊ အောက်တိုဘာ ၁၈
လက်တလော လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် သတင်းမီဒီယာအချို့က ၅၀၀၀၀ ကျပ်တန် ငွေစက္ကူအမျိုးအစားသစ်အား ထုတ်ဝေမည့်သတင်းများ ဖြန့်ဝေလျက်ရှိရာ (ကျပ်ငွေငါးသောင်းတန်) ငွေစက္ကူသစ်များ ထုတ်ဝေမည်ဆိုသည့် မမှန်မကန်သော ကောလာဟလသတင်းများ ပျံ့နှံလျက်ရှိပါကြောင်း၊ ယင်းသတင်းများသည် မှန်ကန်မှု မရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၅၀၀၀၀ ကျပ်တန်ငွေစက္ကူ သစ်များထုတ်ဝေမည့် အစီအစဉ်မရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းရန်ဖြစ်သည့်အတွက် ငွေကြေးတည်ငြိမ်ရေးနှင့် ငွေကြေးစနစ်တည်ငြိမ်ရေးတွက် ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးထုတ်ပြန်ထားသည်။
ယခုကဲ့သို့ အများပြည်သူ၏အကျိုးစီးပွားကို ပျက်ယွင်းအောင်ဈေးနှုန်းမတည် မငြိမ်မှုဖြစ်အောင် သတင်းမှားဖြန့်ဝေသူများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ် အရေးယူပြီး ထိရောက်သော ပြစ်ဒဏ်များချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။
#Myanmar #News