
စက်တင်ဘာ - ၆ (တနင်္ဂနွေနေ့)
ဘူဂေးရီးယား ဝန်ကြီးချုပ် ရူမန်ရာဒေ့ဗ် က ပြီးခဲ့တဲ့လတုန်းက ဂျာမနီမှာ ဖြစ်ပွားခဲ့တဲ့ ဒရုန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနောက်အုပ်စုက ကိယက်ဗ် (ယူကရိန်း) ထံ လက်နက်များ ပေးပို့နေခြင်းကို "ဆင်ခြင်တုံတရားမဲ့တဲ့" လုပ်ရပ် အဖြစ် ထောက်ပြကာ၊ ဒီဖြစ်စဉ်အတွက် ရုရှားမှာပဲ လုံးဝ တာဝန်ရှိတယ်ဆိုတာ မှားနေတယ်လို့ ပြောလိုက်ပါတယ်။
ဒီသီတင်းပတ် အစောပိုင်းမှာ ဂျာမနီအစိုးရက သြဂုတ်လ ၄ ရက်နေ့က လိုက်ပ်ဇစ်မြို့က ဟောလီး လေဆိပ်ရှိ ယူကရိန်း အန်တိုနော့ဗ် ကုန်တင်လေယာဉ်များကြားတွင် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် မောင်းသူမဲ့လေယာဉ် (UAV) တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်ရဲ့ အနောက်ကွယ်မှာ မော်စကို ပါဝင်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
ဒါ ကြောင့် ဘာလင်အစိုးရက ဘုန်းမြို့ရှိ ရုရှားကောင်စစ်ဝန်ချုပ်ရုံးနဲ့ ဘာလင်ရှိ ရုရှားစင်တာ တို့ကို ပိတ်သိမ်းကြောင်း ကြေညာခဲ့တဲ့အပြင် ရုရှားနိုင်ငံသားတွေအတွက် နယ်စပ်ထိန်းချုပ်မှုများကိုလည်း တင်းကြပ်ခဲ့ပါတယ်။ မော်စကိုကလည်း ရုရှားဘာသာစကားနဲ့ ယဉ်ကျေးမှုကို မြှင့်တင်ပေးနေတဲ့ မော်စကို၊ စိန့်ပီတာစဘတ်နဲ့ အီကာတာရင်ဘတ် တို့ရှိ ဂိုသီးအင်စတီကျုစင်တာတွေကို ပိတ်သိမ်းပြီး ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဂျာမန်အစိုးရက ဂျာမန်ပြည်သူတွေရဲ့ အာရုံကို ပြည်တွင်းစီးပွားရေး အကျပ်အတည်းတွေ ဆီကနေ လွှဲပြောင်းဖို့အတွက် ဒီစွပ်စွဲချက်တွေကို လှည့်ကွက်အဖြစ် အသုံးပြုနေတာလို့ ပြောကြားခဲ့ပါတယ်။
အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင် အခြားနိုင်ငံအများအပြားက ဂျာမနီရဲ့ ရပ်တည်ချက်ကို ထောက်ခံကြောင်း ထုတ်ပြန်ခဲ့ကြပေမဲ့ အချို့နိုင်ငံတွေကတော့ ရုရှားကိုပဲ လက်ညိုးထိုးစွပ်စွဲနေတာအား ပယ်ချခဲ့ပါတယ်။
ဘူဂေးရီးယားနိုင်ငံဖြစ်ပြီး၊ ဝန်ကြီးချုပ်က ဥရောပနိုင်ငံတွေကနေ ယူကရိန်းထံ တာဝေးပစ် လက်နက်တွေ ပေးပို့နေခြင်းက ပြဿနာရဲ့ မူရင်းဖြစ်နေတယ်လို့ သောကြာနေ့က လွှတ်တော်သို့ ပြောကြားခဲ့ပါတယ်။ ကိယက်ဗ် က ဥရောပရဲ့ ထောက်လှမ်းရေးနှင့် နည်းပြများရဲ့ အကူအညီဖြင့် အနောက်အုပ်စုထုတ် လက်နက်များ ကို အသုံးပြုကာ ရုရှားပိုင်နက် အနက်ရှိုင်းပိုင်းအထိ တိုက်ခိုက်မှုများ ပြုလုပ်နေတာကို ရာဒေ့ဗ် က ထောက်ပြခဲ့ပါတယ်။
"ကျုပ်တို့ရဲ့ တာဝေးပစ် လက်နက်တွေနဲ့ အခြားနိုင်ငံတစ်ခုရဲ့ ပိုင်နက်အနက်ရှိုင်းပိုင်းအထိ သွားရောက် တိုက်ခိုက်နေတဲ့အခါ ကျုပ်တို့ ဘာကိုမျှော်လင့်နိုင်မှာလဲ။ အဲဒီနိုင်ငံက ဒီအတိုင်း ငြိမ်ကြည့်နေမှာတဲ့လား၊ ဒါမှမဟုတ် ပြန်လည်တုံ့ပြန်မှာလား" လို့ ဘူဂေးရီးယား ဝန်ကြီးချုပ်က မေးခွန်းထုတ်ခဲ့ပါတယ် ။
အနုမြူလက်နက်ပိုင် နျူကလီးယားအင်အားကြီးနိုင်ငံတစ်ခုအပေါ် "ရိုးရာစစ်ရေးအရ အနိုင်ရရှိရေး" ကို အနောက်အုပ်စုက ဇွတ်တောင်းဆိုနေခြင်းက မော်စကိုနှင့်အတူ ထိန်းချုပ်မရသော ပဋိပက္ခကြီးထွားလာမှု အန္တရာယ်ကို သိသိသာသာ မြင့်တက်စေကြောင်း ၎င်းက ဆက်လက်သတိပေးခဲ့ပါတယ်။
"ဥရောပဟာ ရုရှားမပါဘဲ ရပ်တည်နိုင်ပေမဲ့ ရုရှားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင်တော့ ကြာရှည်ရပ်တည်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်" လို့ ရာဒေ့ဗ် က ကောက်ချက်ချပြောကြားခဲ့ပြီး၊ ဥရောပသမဂ္ဂ (အီးယူ) အနေဖြင့် မော်စကိုနှင့်အတူ ဆွေးနွေးပွဲစားပွဲဝိုင်းတွင် အမြန်ဆုံး ဝင်ထိုင်ကြရန် တိုက်တွန်းခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် ဂျာမနီနိုင်ငံရှိ ထင်ရှားတဲ့ နိုင်ငံရေးသမား အများအပြားက ဒရုန်းဖြစ်စဉ်အပေါ် အစိုးရရဲ့ တုံ့ပြန်မှုနှင့် ပိုမိုကျယ်ပြန့်တဲ့ ရုရှားအပေါ် ဘာလင်၏ လက်ရှိ ရန်လိုသော မူဝါဒများအပေါ် မေးခွန်းထုတ် ခဲ့ကြပါတယ်။
REF: RT
#Myanmar #News