ဟုမ္မလင်း ,စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းရေးရာဝန်ကြီးဦးစိုင်းစိန်ဖေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းသန်းစိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ဟုမ္မလင်းမြို့နယ်မောင်းခမ်းအုပ်စု၊ အုန်းပင်ကုန်းကျေးရွာ၌ အုန်းပင်ကုန်း မိုင်းနွယ်ချောင်းကမ်းပြိုကျမှုအား ကွင်းဆင်းကြည့်ရှုသည်။
ထိုသို့ ကွင်းဆင်းရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက မြစ်ရေကြီးချိန်တွင် ရေတိုက်စားသောကြောင့် မြစ်ကမ်းပြိုကျမှုဖြစ်ပွားကာ ကမ်းပြိုကာကွယ်ရေးမပြုလုပ်ပါက ကမ်းနံဘေးရှိ ကျေးလက်ဆေးပေးခန်းအတွက်ထိခိုက်နိုင်ကြောင်း၊ ကမ်းထိန်းနံရံများပြုလုပ်ပေးစေလိုကြောင်းနှင့် ကမ်းပြိုမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးက ကမ်းထိန်းနံရံဆောင်ရွက်သွားရေး ဌာနဆိုင်ရာများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မောင်းခမ်းအုပ်စု၊ အုန်းပင်ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီး၏ ကျောင်းလိုအပ်ချက်များအား တင်ပြဆွေးနွေးမှုကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း
https://t.me/MyanmarNationalPost