
တရုတ်ပြည်သူ့သံတမန်ရေးရာအဖွဲ့အစည်း (CPDA) မှ ဦးစီးကျင်းပသည့် တရုတ်နိုင်ငံတကာ သတင်းမီဒီယာ ဆက်သွယ်ရေးစင်တာ (CIPCC) ၏ ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက် အစီအစဉ်ကို ပေကျင်းမြို့ရှိ Renmin University of China (RUC) ၌ စက်တင်ဘာ ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အစီအစဉ်သည် တရုတ်၏ သတင်းမီဒီယာများနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ သတင်းမီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် ရည်ရွယ်သည့် မဟာဗျူဟာမြောက် စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
ယခု ဒုတိယနှစ်ဝက် အစီအစဉ်တွင် နိုင်ငံပေါင်း ၁၀၀ ခန့်မှ သတင်းမီဒီယာသမား ၁၀၀ ကျော် ပါဝင် တက်ရောက်ကြပြီး တရုတ်နိုင်ငံ၌ သုံးလကျော်ကြာ လေ့လာခွင့်ရရှိမည် ဖြစ်သည်။
မိတ်ဆက်ပွဲအခမ်းအနားတွင် CIPCC ညွှန်ကြားရေးမှူး ယုလိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ယခု အစီအစဉ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မီဒီယာချိတ်ဆက်မှု ပိုမိုအားကောင်းစေရန်နှင့် ထိုနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ကူညီပံ့ပိုးပေးနိုင်ရန် အဓိကထားဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
ယခုနှစ် အစီအစဉ်တွင် သတင်းမီဒီယာသမားများသည် တရုတ်နိုင်ငံ၏ နာမည်ကျော် သတင်းအချက်အလက် နှင့် သတင်းစာပညာဆိုင်ရာ တက္ကသိုလ်တစ်ခုဖြစ်သည့် RUC Campus တွင် တည်းခိုနေထိုင်ကြမည်ဖြစ်ပြီး ဒေသဆိုင်ရာ သတင်းမီဒီယာစင်တာ ခြောက်ခုမှတစ်ဆင့် သင်တန်းများပို့ချခြင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများ အင်တာဗျူးများပြုလုပ်ခြင်းနှင့် ယဉ်ကျေးမှုဖလှယ်ပွဲများကို စီစဉ်ဆောင်ရွက်ခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ပါ သည်။
အစီအစဉ်၏ ပထမဆုံး သင်ခန်းစာအဖြစ် CIPCC-RUC အစီအစဉ် ညွှန်ကြားရေးမှူးပါမောက္ခ ဒေါက်တာ ကျုံးစင်းက မကြာသေးမီက ဖြစ်ပွားခဲ့သည့် တရုတ်-နီပေါ နယ်စပ်ဒေသ ရေကြီးရေလျှံမှုကိစ္စရပ်နှင့် စပ်လျဉ်းပြီး ပို့ချခဲ့သည်။
အစီအစဉ်တွင် ပါဝင်သော သတင်းမီဒီယာသမားများသည် သတင်းစာပညာ အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ သံတမန်ရေးရာ ရှင်းလင်းပွဲများ၊ တရုတ် ထိပ်တန်း မီဒီယာကြီးများတွင် လက်တွေ့ ဝင်ရောက် လုပ်ကိုင်ခြင်းများနှင့် ပေကျင်းမြို့တော်ပြင်ပရှိ အခြားပြည်နယ်များသို့ သွားရောက် လေ့လာကြမည် ဖြစ်သည်။