ကော့မှူး ,စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ရန်ကုန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းစားနေမှုအခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ (AE) ဦးပေါင်သွဲ့ထန် ဦးဆောင်၍ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ကော့မှူးမြို့နယ် မုတ်ကျွန်းတာတစ်လျောက် မုတ်ကျွန်းတာ (သခွပ်အပိုင်း)၊ မုတ်ကျွန်းတာ(ကွင်းဝိုင်းအပိုင်း)၊ မုတ်ကျွန်းတာ(ဆားတိုင်မွတ်အပိုင်း)၊ မုတ်ကျွန်းတာ(သရက်တောအပိုင်း)ရှိ တာတမံကြံ့ခိုင်မှုအခြေအနေများ ရန်ကုန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းစားနေမှုအခြေအနေများကို ရေကြောင်း၊ ကုန်းကြောင်းများဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်အတွင်းရှိ မုတ်ကျွန်းတာတာတမံကြံ့ခိုင်မှုအပြည့်အဝရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ကျော်သူရ(ကော့မှူး)
https://t.me/MyanmarNationalPost