Myanmar National Post

နမ့်စန်တွင် နမ့်လတ်ချောင်းရေလျှံမှုကြောင့် ရေဝင်ရောက်ခဲ့သည့် အ.လ.က-ခွဲ (၁)ရပ်ကွက်ကျောင်းတွင် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

 



နမ့်စန်(တ) ,စက်တင်ဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၅ ရက်နေ့မှစတင်၍ နမ့်လတ်ချောင်းအနီးဝန်းကျင်နှင့် အနိမ့်ပိုင်းရှိ စာသင်ကျောင်းနှင့်လူနေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့ရာ ယခုအခါရေများ ပြန်လည်ကျဆင်းပြီဖြစ်၍ ရေဝင်ရောက်ခဲ့သည့် အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအတွင်း သန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက်၆နာရီက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးနေမျိုးထွန်းက ဦးဆောင်၍ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်သူနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်ထွန်းသန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မင်းနှင့် ဆရာ/ဆရာမများက ရေဝင်ရောက်ခဲ့သည့် အဆိုပါကျောင်းခန်းများအတွင်းရှိ ရွှံ့၊ နွံ ၊ နုန်း များ ရှင်းလင်းဆေးကြောခြင်း၊ အပျက်အစီးနှင့် အမှိုက်များရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးဌာနမှဝန်ထမ်းများက အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များ တင်ဆောင်စွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)   

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post