ပေါက်ခေါင်း ,စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ စားသုံးဆီ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ရည်ညွှန်းစျေးနှုန်းအတိုင်း နေ့စဥ် ဗီနိုင်းချိတ်ဆွဲရောင်းချစေရေး၊ အလေးချိန်ပြည့်မီရေးနှင့် ရည်ညွှန်းစျေးပေါ်မူတည်၍ စျေးနှုန်းမြှင့်ရောင်းချမှုမပြုရန်နှင့် ဆီထုတ်ကိုယ်စားလှယ်မှ သတ်မှတ်စျေးနှုန်းအပေါ်တွင်သာ ရောင်းချရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost