Myanmar National Post

ပန်းတောင်းမြို့နယ်တွင် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်




ပန်းတောင်း, စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ ယမန်နေ့နံနက် ၇ နာရီအချိန်က ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်၊ တိုက်နယ်ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုတွင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းဆန်း ဦးစီးသောအရာရှိ တပ်ဖွဲ့ဝင် (၃) ဦးနှင့် အခြားအဆင့် တပ်ဖွဲ့ဝင် (၁၄) ဦး၊ မိသားစုဝင် (၅) ဦးစုစုပေါင်း အင်အား (၂၂) ဦးဖြင့် ပြည်တော်သာရပ်ကွက် (ဥသျှစ်ပင်မြို့) တိုက်နယ်ပြည်သူ့ဆေးရုံ အတွင်း/ အပြင် သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်သရိုက်များ သိမ်းဆည်းခြင်း၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်သစ်ခက်များ ပေါင်းသင်ရှင်းလင်းခြင်းနှင့် ဆေးရုံဝင်းအတွင်း စိမ်းလန်းစိုပြည် ရောင်ဝါဝင်းပစေရေးအတွက် ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရန် တူးဖော်ရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းအားဖြင့် တက်ကြွစွာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post