Myanmar National Post

KNU ၊ KNLA ၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ တော်လှန်ရေးမလုပ်တော့ပါ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများကို လုံခြုံရေး ဆောင်ရွက်ပေးပြီး ကိုယ်ကျိုးရှာနေ













 

KNU ၊ KNLA ၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ တော်လှန်ရေးမလုပ်တော့ပါ၊

အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများကို လုံခြုံရေး ဆောင်ရွက်ပေးပြီး ကိုယ်ကျိုးရှာနေ

 

ပြည်ဖျက်မီဒီယာတွေနဲ့ အကြမ်းဖက်အဖွဲ့များရဲ့ လော်ဘီများအနေနဲ့က KNU ၊ KNLA ၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့တွေလို့ ဂုဏ်ဆာပြီး ရေးသားဖြန့်ဝေနေကြသလို အကြမ်းဖက်သမားများကလည်း ပြည်သူလူထုအတွက် သူတို့က တိုက်ပွဲဝင်နေသယောင် အာချောင်လေ့ ရှိပါတယ်။ KNLA အကြမ်းဖက်အဖွဲ့က ဒါဘော ဆိုတဲ့ စာမတတ်ပေမတတ်ကောင် က ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားတဲ့ကောင်တွေနဲ့ အချိတ်အဆက်ရှိသူဖြစ်လေတော့ နိုင်ငံရေးသမားများ ပဒီးပဒါးပြောသလိုပဲ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးပြောဆိုတာမျိုးလည်း လုပ်တတ်ပါတယ်။

တကယ်တော့ KNU ၊ KNLA ၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ဟာ လက်နက်ကိုင်တော်လှန်ရေး လုပ်နေခြင်းမဟုတ်ဘဲ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များအဖြစ် ရပ်တည်ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများနှင့် တရားမဝင်ဒုစရိုက်လုပ်ငန်းများကို ၎င်းတို့အခြေပြုရာ ဒေသမှာ လုပ်ကိုင်ခွင့်ပြုပြီး လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ မြေငှားရမ်းပေးတယ်။ အဲဒီလုပ်ငန်းတွေကို လုံခြုံရေးယူပေးတယ်။ တကယ်တမ်းတော့ KNU ၊ KNLA ၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ဟာ တော်လှန်ရေးလို့ အသံကောင်းဟစ်ပြီး တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များသာ ဖြစ်တယ်ဆိုတာကို သူတို့ရဲ့ လုပ်ရပ်တွေက သက်သေခံနေပါတယ်။

အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများနှင့် တရားမဝင်ဒုစရိုက်လုပ်ငန်းများကို မြန်မာနိုင်ငံအတွင်းမှာ အခြေချလုပ်ကိုင်ခွင့်ပြုထားတာက အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများနှင့် တရားမဝင်ဒုစရိုက်လုပ်ငန်းများကို KNU ၊ KNLA ၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ဖြစ်ပါတယ်။ ဒီအထဲမှာ PDF အကြမ်းဖက်သမားများကတော့ လုံခြုံရေးယူပေးတဲ့ အဆင့်ပဲ ရှိပါတယ်။ ထားရာနေ စေရာသွား လူ့ငနွားလေးတွေပေါ့။ ဒီကိစ္စမှာ KNU ၊ KNLA ၊ DKBA ကတော့ စားဖားကြီးတွေဖြစ်နေပြီ။ ဒီကောင်တွေရဲ့ လုပ်ရပ်တွေကြောင့်ပဲ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ မျက်နှာပျက်စရာ ဖြစ်ခဲ့ရတယ်။ မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားမှုတွေ ဖြစ်ခဲ့ကြတယ်။ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများနှင့် တရားမဝင်ဒုစရိုက်လုပ်ငန်းများနဲ့ ပတ်သက်လို့ အဓိကတရားခံများကတော့ KNU ၊ KNLA ၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ဖြစ်ပါတယ်။ PDF အကြမ်းဖက်အဖွဲ့တွေ ပါဝင်ပတ်သက်နေတာကို တွေ့လာရတာဖြစ်တဲ့အတွက် PDF အကြမ်းဖက်သမားများရဲ့ ဦးဆောင်အဖွဲ့ CRPH, NUG ဆိုတာတွေသည်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများနှင့် တရားမဝင်ဒုစရိုက်လုပ်ငန်းများမှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ တိုင်းဖျက် ပြည်ဖျက် လုပ်မယ့် အကြမ်းဖက်အဖွဲ့များအနေနဲ့က သူတို့အတွက် အထောက်အပံ့ဖြစ်မယ်ဆိုရင် ဘယ်အလုပ်မဆို လုပ်ကြမှာပါပဲ။

KNU ၊ KNLA ၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ က လုပ်ဆောင်လျက်ရှိတဲ့ အခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားရာမှာ -

KNU ၊ KNLA ၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများနှင့် တရားမဝင်ဒုစရိုက်လုပ်ငန်းများကို လွတ်လပ်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် အာရှလမ်းမကြီးနှင့် သင်္ကန်းညီနောင်မြို့တို့အား ထိန်းချုပ်နိုင်ရေးကြိုးပမ်းခဲ့ရာ သင်္ဃန်းညီနောင်မြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များနှင့် ဌာနဆိုင်ရာအဆောက်အအုံများအား အင်အားအလုံးအရင်းဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့ထိ (၂၈) ရက်ကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ခဲ့မှုကြောင့် မြို့တွင်းရှိ ဌာနဆိုင်ရာအဆောက်အအုံများနှင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ အဆောက်အအုံ၊ ပစ္စည်းများအား စွန့်ခွာ၍ ဘေးလွတ်ရာသို့ ယာယီနေရပ်စွန့်ခွာခဲ့ရကာ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှစတင်ပြီး မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် အာရှလမ်းမကြီးအား ပိတ်ဆို့မှုများလုပ်ဆောင်ခဲ့သည်။

ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကအချက်အချာကျသည့် ဘားအံ-ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနှင့် ကော့ကရိတ်မြို့အား ထိန်းချုပ်ဖြတ်တောက်ရန်အတွက် ကျုံဒိုး-ကော့ကရိတ်လမ်းကြောင်းအားလည်းကောင်း၊ ကော့ကရိတ်-မြဝတီ လမ်းကြောင်းအားလည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များဝင်ရောက်လာခြင်း မပြုလုပ်နိုင်ရေးအတွက် နှောင့်ယှက်ပိတ်ဆို့မှုများ ဆောင်ရွက်ခြင်း၊ ကျေးရွာများတွင် ပုန်းအောင်းနေထိုင်ပြီး အဖျက်အမှောင့်လုပ်ငန်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့သည့်အပြင် လမ်းကြောင်းတစ်လျှောက် သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အဆိုပါလမ်းကြောင်းများပေါ်ရှိ ညီညာသာလင်းတံတား၊ (၅)တိုင်တံတား၊ ကော့နွဲ့တံတားအပါအဝင် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းတံတားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အတားအဆီးများပြုလုပ်၍ လမ်းကြောင်းပိတ်ဆို့ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားခဲ့ပြီး အဆိုပါဒေသရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကာ နေထိုင်စားသောက်ရေးတို့တွင် များစွာအခက်အခဲဖြစ်ပေါ်ခဲ့၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများ နိမ့်ကျခဲ့ရသည့်အပြင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကြီးထွားလာစေခဲ့ပြီး နယ်မြေဒေသတည်ငြိမ်မှုအပေါ် များစွာထိခိုက်စေခဲ့သည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ နှောင့်ယှက်ပိတ်ဆို့ထားသည့် လမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲအသုံးပြုနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်မှစ၍ ကျုံဒိုး-ကော့ကရိတ်ကြားတွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူများကို ရဲရဲဝင့်ဝင့်ချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလ ၃ လကျော်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ ငယ် ၉၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူထံမှအလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံ ၃ဝ လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းပိုက်ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် ကျုံဒိုး-ကော့ကရိတ် လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့သည်။

အလားတူ တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် သင်္ကန်းညီနောင်မြို့နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာအဆောက်အအုံများအား အကြမ်းဖက်သောင်းကျန်းသူများ၏လက်သို့ ကျရောက်မှုမရှိစေရေးအတွက် မိမိအသက်ကို ပဓာနမထားဘဲ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့သည့်အတွက် အကြမ်းဖက်သောင်းကျန်းသူများသည် အထိအခိုက်အကျအဆုံးများပြီး ဖရိုဖရဲဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် အာရှလမ်းမကြီးအား ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် အာရှလမ်းမကြီးအား အပြည့်အဝ ပြန်လည်ထိန်းချုပ်ပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ မြဝတီမြို့၏ အရှေ့တောင်ဘက်မီတာ ၄၈၀၀ ခန့်အကွာရှိ KK Park နယ်မြေအတွင်း အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက အခကြေးငွေရယူပြီး ကာကွယ်ပေးထားသော တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် အဆောက်အအုံ ၆၃၅ လုံးနှင့်အတူ တရားမဝင်ပြည်ပနိုင်ငံသား အမျိုးသား ၁၀၈၈ ဦး၊ အမျိုးသမီး ၁၉၄ ဦး၊ စုစုပေါင်း ၁၂၈၂ ဦးအား အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အဆိုပါတရားမဝင်ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ၎င်းတို့ဝင်ရောက်လာခဲ့သည့် ထိုင်းနိုင်ငံမှတစ်ဆင့် စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီး အသုံးပြုခဲ့သည့် အဆောက်အအုံများအား အဆိုပါဒေသတွင် ပြန်လည်အခြေချလုပ်ကိုင်မှုမရှိစေရေးနှင့် ဒုစရိုက်လုပ်ငန်းများ ထပ်မံဆောင်ရွက်နိုင်မှုမရှိစေရေးအတွက် အပိုင်း (၃) ပိုင်းခွဲကာ စနစ်တကျဖောက်ခွဲဖျက်ဆီး၍လည်းကောင်း၊ ယာဉ်ယန္တရားများ အသုံးပြု၍လည်းကောင်း ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရာနှုန်းပြည့် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။

အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့၏ အရှေ့မြောက်ဘက်မီတာ ၁၅၀၀၀ ခန့်အကွာ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက အခကြေးငွေရယူပြီး ကာကွယ်ပေးထားသော တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်ခဲ့သည့် အဆောက်အအုံ ၇၇ လုံးနှင့်အတူ တရားမဝင်ပြည်ပနိုင်ငံသား အမျိုးသား ၁၈၁၁ ဦး၊ အမျိုးသမီး ၂၆၄ ဦး၊ စုစုပေါင်း ၂၀၇၅ ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် အဆိုပါဖမ်းဆီးရမိခဲ့သူများအား သက်ဆိုင်ရာနိုင်ငံများသို့ ထိုင်းနိုင်ငံမှတစ်ဆင့် စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆောက်အအုံများကို စနစ်တကျဖောက်ခွဲဖျက်ဆီး၍လည်းကောင်း၊ ယာဉ်ယန္တရားများ အသုံးပြု၍လည်းကောင်း ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ရာနှုန်းပြည့် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါဒေသများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများ အခြေချနေထိုင်လုပ်ကိုင်မှုမရှိစေရေးအတွက် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံတာဝန်သိပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် ကျောက်ခက်ဒေသအတွင်း၌လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများကို ကာကွယ်ပေးထားသော အကြမ်းဖက်သောင်းကျန်းသူများ၏ စခန်း (၁) ခုဖြစ်သည့် ကျွန်း (၇) ပင်စခန်းအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်းကောင်း၊ အဆိုပါစခန်း၏ အရှေ့တောင်ဘက်မီတာ ၅၀၀၀ ခန့်အကွာရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းလုပ်ကိုင်သည့်နေရာအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင်လည်းကောင်း၊ အဆိုပါစခန်း၏ အရှေ့တောင်ဘက်မီတာ ၆၅၀၀ ခန့်အကွာရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်း လုပ်ကိုင်သည့်နေရာအား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် နေ့တွင်လည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့သည်။

ထိုသို့ သိမ်းပိုက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်း လုပ်ကိုင်နေသူများကို မြေနေရာပေး၍ အခကြေးငွေရယူကာ ကာကွယ်ပေးထားသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များနှင့် တိုက်ပွဲကြီး/ ငယ် (၄၆) ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း (၂၁) လောင်း၊ လက်နက်မျိုးစုံ (၁၈) လက်၊ ကျည်အိမ် မျိုးစုံ (၂၇) ခု၊ ကျည်မျိုးစုံ (၁၃၃၃) တောင့်၊ လက်လုပ် Drop ဗုံး (၁၄) လုံး၊ မိုင်းမျိုးစုံ (၂၁၉) လုံး၊ ကျည်ကာအင်္ကျီ (၉) စုံ၊ ကျည်ကာဦးထုပ် (၁၅) လုံး၊ ညကြည့်မှန်ပြောင်း (၁) ခု၊ ကင်းထောက် Drone (၁) စီး၊ လမ်းလျှောက်စကားပြောစက် (၇) လုံး၊ ပစ်ကျင်း (၄၄၁) ကျင်း၊ ဘန်ကာ (၅၃) လုံး၊ လူနေတဲ (၂၂၈) လုံး၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ဆောင်ခဲ့သည့် အဆောက်အအုံ (၁၅) လုံး၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်သူ တရားမဝင်ပြည်ပနိုင်ငံသားများနှင့် ဆက်စပ်သူများအပါအဝင် (၇၇၇) ဦးတို့အား လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် StarLink (၂) လုံး၊ တယ်လီဖုန်းမျိုးစုံ (၄၅၂) လုံးနှင့် ကွန်ပျူတာ ဆက်စပ်ပစ္စည်းမျိုးစုံ (၁၇၅) စုံတို့အား သိမ်းဆည်းရရှိသည်။

အဆိုပါကျောက်ခက်ဒေသရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သူများအနက် တရားမဝင်ပြည်ပနိုင်ငံသား ၂၁၀ ဦးအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နှင့် ဇူလိုင် ၁၈ ရက်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အခကြေးငွေများရယူကာ မော်တော်ယာဉ်များဖြင့် တင်ဆောင်ပြီး ကျောက်ခက်-ဝေါလေလမ်းကြောင်းအတိုင်း ဝေါလေ၏ အနောက်တောင်ဘက်မီတာ ၂၆၀၀ ခန့်အကွာ မြန်မာ-ထိုင်းနယ်စပ်သို့ ပို့ဆောင်ပေးခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်အား ဖြတ်သန်း၍ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ သိရှိရသည်။ ထို့အပြင် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် လေးကေကော်မှ ကျောက်ခက်ဒေသသို့သွားသည့် လမ်းကြောင်းပေါ်ရှိ သံဘောင်ဘေလီအမျိုးအစားဖြစ်သည့် အရှည် (၈၀) ပေ၊ အကျယ် (၁၃) ပေရှိ ကျွန်း (၇) ပင်တံတားအားလည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးထားရှိသဖြင့် နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်မှ တပ်မတော်သားများက ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် တံတားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများပြီးစီးခဲ့ကြောင်း သိရှိရသည်။

၎င်းအပြင် အကြမ်းဖက်သောင်းကျန်းသူများ ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ကျုံဒိုး-ကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီ လမ်းကြောင်းပေါ်ရှိ ညီညာသာလင်းတံတား၊ (၅) တိုင်တံတားနှင့် ကော့နွဲ့တံတားအပါအဝင် လမ်း/ တံတားများအား နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်မှ တပ်မတော်သားများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပြန်လည်ပြုပြင်တည်ဆောက်ပေးခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့ထားသည့် အတားအဆီးများကိုလည်း ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ကျူးလွန်ကြသူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါအွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ကျူးလွန်ခဲ့ကြသူများသည် Social Media မှတစ်ဆင့်နည်းမျိုးစုံဖြင့် မက်လုံးပေးစည်းရုံးမှုကြောင့် နိုင်ငံစုံမှ အလုပ်လာရောက်လုပ်ကိုင်ရင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ရသည့် လူကုန်ကူးခံရသူများနှင့် ရာဇဝတ်မှုများကျူးလွန် ထွက်ပြေးတိမ်းရှောင်နေကြသူများဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့အနေဖြင့် အရှေ့တောင်အာရှနိုင်ငံအချို့တွင် လုပ်ကိုင်ခဲ့ကြပြီး အိမ်နီးချင်းနိုင်ငံအချို့ ပဋိပက္ခဖြစ်မှုနောက်ပိုင်းမှ မြန်မာနိုင်ငံအရှေ့တောင်ဒေသ KNU ၊ KNLA ၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ အခြေချနေထိုင်လျက်ရှိသည့် မြဝတီဒေသသို့ တစ်ဖက်နိုင်ငံမှတစ်ဆင့် နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါအဖွဲ့များ ဝင်ရောက်လုပ်ကိုင်မှုအပေါ် KNU ၊ KNLA ၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များအနေဖြင့် နိုင်ငံနှင့်ဒေသအပေါ်ကြီးမားစွာ ထိခိုက်နစ်နာမှုများကို လျစ်လျူရှု၍ မြေနေရာပေးခြင်း၊ အကာအကွယ်ပေးခြင်းတို့ပြုလုပ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်မလာစေရေး ဆက်သွယ်ရေးလမ်းကြောင်းများကို သိမ်းပိုက်ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ပျက်စီးစေပြီး လူ့ကျင့်ဝတ်သိက္ခာများ ထိခိုက်စေ၍ အများပြည်သူအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကိုပါ အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း လုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေမှုများအား သိရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးနိုင်ပါရန် မေတ္တာရပ်ခံပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အဆိုပါနယ်မြေနှင့် ပတ်ဝန်းကျင်ဒေသများတွင် လိုအပ်သည့်နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 KNU ၊ KNLA ၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များကို အမှန်တကယ် ထိထိရောက်ရောက် ကိုင်တွယ်မယ်ဆိုရင် သူတို့ရဲ့ ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီးရမိဖို့ အဓိကလိုအပ်ပါတယ်။  KNU ၊ KNLA ၊ DKBA ၊ PDF ခေါင်းဆောင်တွေမှာ ပြည်ပနိုင်ငံများမှာ ခိုလှုံနေကြတာများပါတယ်။ ပြည်ဖျက်မီဒီယာတွေမှာ အာချောင်တာလောက်သာ ရုပ်လုံးပြလေ့ရှိပြီး ဘယ်နေရာ ဘယ်ဒေသမှာ ရှိနေတယ်ဆိုတာ မသိရပါဘူး။ အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများနှင့် တရားမဝင်ဒုစရိုက်လုပ်ငန်းများကို အမြစ်ပြတ်အောင် ထိထိရောက်ရောက် ဆောင်ရွက်မယ်ဆိုရင် ဒီလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ လက်နက်ကိုင်အကြမ်းဖက်ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အပြစ်ပေး အရေးယူခြင်းကို ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်မယ်ဆိုရင် အမြစ်ပြတ်သွားပါလိမ့်မယ်။ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးရမိဖို့ဆိုရင် နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်မှ ဖြစ်မှာပါ။ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွေဟာ ပြည်ပနိုင်ငံများမှာ ခိုလှုံနေကြတာ ဖြစ်တဲ့အတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများနှင့် တရားမဝင်ဒုစရိုက်လုပ်ငန်းများကို အမြစ်ပြတ်နှိမ်နင်းဖို့ ပြည်ဖျက်မိစ္ဆာ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွေကို နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး အမြန်းဆုံး ဖမ်းဆီးအရေးယူရန် တိုက်တွန်းလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

#Myanmar #News

မူရင်းသတင်း — Myanmar National Post