ထားဝယ်၊ စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ ငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME) များ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် တိုင်းဒေသကြီး MSME ရန်ပုံငွေမှ ချေးငွေရယူနိုင်ရေးအတွက်ချေးငွေစိစစ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကိုယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီးMSME ရန်ပုံငွေမှ ချေးငွေရယူနိုင်ရေးအတွက်ချေးငွေစိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာဝင်းအောင် က တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ ငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME) များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် MSME ဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးပေးမည့် မတည်ချေးငွေများကို စနစ်တကျနှင့် ထိရောက်စွာထုတ်ချေးပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းသော အစည်းအဝေး ဖြစ်ကြောင်း၊တိုင်းဒေသကြီးသည်ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ဒေသထွက် ကုန်ကြမ်းပေါ် အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများစွာအတွက်အလားအလာကောင်းများစွာ ပိုင်ဆိုင်ထားသော ဒေသတစ်ခုဖြစ်ကြောင်း၊ဒေသတွင်းစီးပွားရေးမောင်းနှင်အား မြင့်မားလာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီး ပေးနိုင်ရန်နှင့်ဒေသခံများ၏လူမှုစီးပွားဘဝမြင့်မားလာစေရန်အတွက်MSMEလုပ်ငန်းများအခန်းကဏ္ဍသည်အရေးပါကြောင်း၊ ဒါကြောင့်အမှန်တကယ်လုပ်ငန်းတိုးချဲ့လိုပြီး ငွေကြေးအရင်းအနှီးလိုအပ်နေသည့်ဒေသခံ MSME လုပ်ငန်းရှင်များ လက်ဝယ် သို့ချေးငွေများ မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် ရောက်ရှိသွားရန် လိုအပ်ကြောင်း၊ မိမိတို့ချေးငွေစိစစ်ရေးအဖွဲ့မှာ ပါဝင် သောဌာနများအနေဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြရန် နှင့် ဌာနဆိုင်ရာများအလိုက်ဆောင်ရွက်ရမည့်အချက်များကို သေချာ စွာဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊၊ချေးငွေလျှောက်လွှာများစိစစ်ရာတွင်ပွင့်လင်းမြင်သာပြီး မြန်ဆန်သည့် စိစစ်မှုဖြစ်စေ ရန်လျှောက်ထားလာသည့်လုပ်ငန်းများကို စိစစ်ရာတွင်မလိုလားအပ်သည့် ကြန့်ကြာမှုများ မရှိစေရေး သတ်မှတ်ထား သည့် စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ထိရောက်မြန်ဆန်စွာ စိစစ်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊အမှန်တကယ်လိုအပ်ပြီး အလားအလာရှိသောလုပ်ငန်းများဖြစ်စေရန်ဒေသတွင်းကုန်ထုတ်လုပ်မှုကို အမှန်တကယ် အထောက်အကူပြုကာ စီးပွားရေး အရ အလားအလာရှိသော လုပ်ငန်းများ၊ အထူးသဖြင့် ဒေသထွက် ကုန်ကြမ်းအခြေခံကုန်ချောထုတ်လုပ်သည့် လုပ်ငန်းရှင် များ ချေးငွေရရှိစေရေး ဦးစားပေး စိစစ်ရန်၊ဌာနဆိုင်ရာများအကြား ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစေရန်အတွက် ချေးငွေ လျှောက်ထားမှုလုပ်ငန်းစဉ်တစ်ခုလုံးတွင်ပါဝင်သည့် ဌာနများ၊ ဘဏ်များနှင့်လုပ်ငန်းရှင်များအကြား သတင်းအချက်အလက် စီးဆင်းမှုချောမွေ့စေရေးနှင့်အခက်အခဲများကိုဝိုင်းဝန်း ဖြေရှင်းပေးကြရန်လိုအပ်ကြောင်း၊ ချေးငွေစိစစ်ရေးအဖွဲ့ဝင် ဌာနများ အနေဖြင့် မိမိတို့ဌာနသို့ စုံစမ်းမေးမြန်းလာသော MSME ချေးငွေရယူလိုသော လုပ်ငန်းရှင်များကို MSME အေဂျင်စီရုံးသို့ လွတ်ပေးပြီးချေးငွေလျှောက်လွှာများရယူလျှောက်ထားနိုင်ကြောင်း အသိပေးစေလိုကြောင်းနှင့် MSME ချေးငွေများရယူနိုင် ရေးအတွက်ပြည်သူလူထုထံသို့ကျယ်ပြန့်စွာသိရှိနိုင်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ချေးငွေစိစစ်ရေးအဖွဲ့၊အတွင်းရေးမှူး၊ တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးဟိန်းဇော် က ချေးငွေရယူနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းများကိုရှင်းလင်းတင်ပြသည်။
ထို့နောက် ချေးငွေစိစစ်ရေးအဖွဲ့ဝင် များ က ဒေသတွင်း MSMEလုပ်ငန်းရှင်များ အရင်းအနှီးလိုအပ်ချက်ပြည့်မီပြီးစီးပွား ရေး တိုးတက်လာစေရေးအတွက် ဌာနများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့်လုပ်ငန်းများ၊ တွေ့ကြုံနေရသည့်အခက်အခဲများ နှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအားရှင်းလင်းဆွေးနွေး တင်ပြကြရာဆွေးနွေးတင်ပြချက်များအပေါ်တွင် ချေးငွေစိစစ် ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
ကျော်ကျော်လတ်
#News #Myanmar