
အမေရိကန်စစ်သားသုံးဦးသေဆုံးခဲ့သည့် အီရန်တိုက်ခိုက်မှု မလုပ်ဆောင်မီနှင့် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးနောက် တရုတ်ကုမ္ပဏီများက ဂျော်ဒန်ရှိ အမေရိကန်စစ်သားများရှိရာ စစ်အခြေစိုက်စခန်း၏ ဂြိုဟ်တုဓာတ်ပုံများကိုအီရန်အားပေးခဲ့သည်ဟူသော အခြေအမြစ်မရှိသတင်းများကို စက်တင်ဘာ ၁၃ ရက်တွင် တရုတ်က ပယ်ချခဲ့သည်။
သီတင်းပတ်ကုန်တုန်းက ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သောသတင်းသည် ဂျော်ဒန်ရှိ မူ၀က်ဖာဆာလ်တီ လေတပ်အခြေစိုက်စခန်းကို အီရန်ကဒုံးကျည်များ ပစ်လွှတ်ကာ တိုက်ခိုက်ခဲ့သည့် ဇူလိုင် ၁၇ ရက်တိုက် ခိုက်မှုနှင့်သက်ဆိုင်သောသတင်းဖြစ်သည်။
အမည်မဖော်လိုသူ အမေရိကန်တာ၀န်ရှိသူများ၏ပြောစကားကိုကိုးကားဖော်ပြခဲ့သောသတင်းတွင် ပါ၀င်ပတ်သက်သော တရုတ်လုပ်ငန်းအဖွဲ့အစည်းများ၏အမည်ကို ဖော်ပြထားခြင်မရှိပေ။ ပေကျင်းကိုတိုက်ရိုက်အားဖြင့် ညွှန်းဆိုထားခြင်း မရှိပေ။
"ကျွန်တော်တို့က အထောက်အထားမရှိဘဲ အခြေအမြစ်မရှိတဲ့ မသင်္ကာမှုတွေနဲ့စွပ်စွဲမှုတွေကို ခိုင်မာစွာ ဆန့်ကျင်ပါတယ်"ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကျို့ကျာကွန်းက စက်တင်ဘာ ၁၃ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
စက်တင်ဘာ၂၄ရက်တွင် တရုတ်သမ္မတရှီကျင်းပင်၏ ၀ါရှင်တန်အလည်အပတ်မတိုင်မီ တင်းမာမှုများကို နက်ရှိုင်းစေနိုင်သော အဆိုပါသတင်းကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မှေးမှိန်ပစ်ရန် ကြိုးစားခဲ့သည်။
"ခင်ဗျားတို့သိတဲ့အတိုင်းပဲတရုတ်က ကျွန်တော်တို့ကိုစပိုင်လုပ်တယ်လို့ သူတို့ကပြောတဲ့အခါ ခင်ဗျားပြောတာမှန်တယ်လို့ဆိုရမှာပါ။ ကျွန်တော်တို့ကလည်းသူတို့ကို
စပိုင်ပြန်လုပ်တာပါပဲ" ဟု ထရန့်က စက်တင်ဘာ ၁၂ ရက်တွင် Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
"ကျွန်တော်တို့ကလည်း အဲဒါကိုလုပ်နေတာပါပဲ။ အခြေခံအားဖြင့်တော့သူတို့ကလည်း ကျွန်တော်တို့လုပ်တဲ့အတိုင်းလုပ်တာပါ"ဟု ထရန့်က ပြောကြားခဲ့သည်။
အမေရိကန်တာဝန်ရှိသူများ ဆွပေးခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများ လွှဲပြောင်းပေးသည်ဆို သောအထောက်အထားကို တရုတ်တာ၀န်ရှိသူများက တောင်းဆိုခဲ့ပြီး သတင်းတွင်ပါသလို တရုတ်ကုမ္ပဏီများက ဂြိုဟ်တုဓာတ်ပုံများကို အီရန်ထံပို့ပေးရာတွင် ပါဝင်ပတ်သက် သည်ဆိုခြင်းကိုတရုတ်တာဝန်ရှိသူများကအသိအမှတ်မပြုပေ။