
ပင်လယ်ရေကြောင်း သယံဇာတများ အငြင်းပွားမှုနှင့်ပတ်သက်ပြီး ကမ္ဘောဒီးယား သည် နစ်နာသူအဖြစ် ဟန်ဆောင်နေကြောင်း ထိုင်းနိုင်ငံက စက်တင်ဘာ ၁၅ ရက်တွင် စွပ်စွဲခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယား အရှေ့တောင် အာရှ အိမ်နီးချင်းနှစ်နိုင်ငံသည် နှစ်ရှည်လ များ ဖြစ်ပွားနေသော ပဋိပက္ခကို နိုင်ငံတကာ ညှိနှိုင်းဖြန်ဖြေသူများထံ တင်ပြခဲ့ချိန်တွင် ထိုင်းက ထိုကဲ့သို့ စွပ်စွဲခဲ့ခြင်းဖြစ်သည်။
အမြဲတမ်း ခုံသမာဓိ တရားရုံး (pca) ၏ စင်ကာပူရုံးခွဲတွင် ပြုလုပ်သည့် အဆိုပါ ကြားနာစစ်ဆေးပွဲသည် လွန်ခဲ့သည့်နှစ်က ထိုင်းနှင့် ကမ္ဘောဒီးယားကြား သေကြေပျက်စီး မှုများရှိခဲ့သော နယ်စပ်တိုက်ပွဲ နှစ်ကြိမ် ဖြစ် ပွားခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ယခုနှစ် မေလတွင် ထိုင်းနိုင်ငံသည် ရေ ပြင်နယ်နိမိတ်ချင်း ထပ်နေသည့် ပိုင်နက် တောင်းဆိုမှုများကို ဖြေရှင်းရန် ရည်ရွယ်ထား သော ကမ္ဘောဒီးယားနှင့် သဘောတူညီချက် မူဘောင်မှ စာချုပ်ကို တစ်ဖက်သတ် ရုပ်သိမ်း ခဲ့သော်လည်း ယင်းသည် ၎င်းတို့၏ ကုန်းတွင်း နယ်စပ် အငြင်းပွားမှုနှင့် သက်ဆိုင်ခြင်းမရှိ ကြောင်း ငြင်းဆိုခဲ့သည်။
ထို့နောက် ကမ္ဘောဒီးယားက အပြုသ ဘောဆောင်သော ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်ဖြစ်မြောက်ရန် မျှော်လင့်ကြောင်း ပြောကြားကာ PCA တွင် ကုလသမဂ္ဂ ကျော ထောက်နောက်ခံပြု စေ့စပ်ညှိနှိုင်းရေး လုပ် ငန်းစဉ်ကို စတင်ဆောင်ရွက်ခဲ့သည်။
နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ ငါးဦး ပါဝင်သော ဂျူရီအဖွဲ့ရှေ့မှောက်တွင် ထိုင်း၏ လျှောက်လဲချက်ကို စတင် တင်ပြရာ၌ နိုင်ငံ ခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကော က ကမ္ဘောဒီးယားသည် နိုင်ငံတကာ ဖိုရမ်များ အပါအဝင် နေရာအသီးသီး၌ မဟုတ်မမှန် လုပ်ကြံဖန်တီးမှုများ၊ အချက်အလက်များကို လိမ်လည်လှည့်ဖြားမှုများနှင့် အခြေအမြစ်မရှိ သော စွပ်စွဲချက်များမှတစ်ဆင့် ထိုင်းနိုင်ငံကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခဲ့ သည်ဟု ပြောကြားခဲ့သည်။
“ကမ္ဘောဒီးယားဟာ စာရိတ္တပိုင်းအရ သာလွန်မှုရရှိစေဖို့အတွက် အမှန်တရားကို လက်ကိုင်ထားသလိုမျိုး ဟန်ဆောင်ပြီး နစ်နာ သူ အဖြစ် ပုံဖော်ကာ အခုလိုလုပ်ဆောင်နေ တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အပစ်အခတ်ရပ်စဲရေးမရရှိမီ လွန်ခဲ့ သည့်နှစ်က ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရပြီး လူ ပေါင်းတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ သည်။
ထိုင်းနိုင်ငံက MoU 44 ဟုခေါ်သော အဆိုပါ သဘောတူညီချက်မူဘောင်ကို အ ကောင်အထည်ဖော်ရာတွင် မည်သည့် တိုး တက်မှုမျှ မရှိခဲ့သောကြောင့် နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က လည်း အဆိုပါ အရေးယူဆောင်ရွက်မှုသည် တိုက်ပွဲများနှင့် ဆက်စပ်မှုမရှိကြောင်း ငြင်းဆို ခဲ့သည်။