Eleven Media Group

■ ကျားနှင့်ဆင်တူသော ကြောင်မျိုးစိတ်သစ်ကို နှစ် ၁၀၀ ကျော်အတွင်း ပထမဆုံး ရှာတွေ့

သိပ္ပံပညာရှင်များက နှစ်ပေါင်း ၁ဝဝကျော်အတွင်း ပထမဦးဆုံးအကြိမ် ကျားနှင့်ဆင်တူသော တောကြောင် မျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဘိုလီးဗီးယားသုတေသနပညာရှင်က စက်တင်ဘာ၁ရရက်တွင် AFP ကို ပြောကြားသည်။

တီလ်ကာယို ကျားတူကြောင်(Tiger cat)သည် အစက်အပျောက်များပါပြီး ကျားသစ်နှင်တူသည့်အမွေးရှိသည့် ကြောင်ငယ်ဖြစ်၍ ၎င်းကို ဘိုလီးဗီးယား၏ မြို့တော်လာပက်ဇ်အနီး တောင်တန်ထူထပ် သောယွန်းဂက်စ်ဒေသတွင် တွေ့ရှိခဲ့သည်။

ဘိုလီးဗီယား အင်းဒိစ်၌ ကြောင်ကိုတွေ့ခဲ့သောနယ်ခံများက ထိုကြောင်ကို ရိုးရိုးကြောင်ဖြင့် မှားခဲ့ကြသည်ဟု ဇီဝဗေဒပညာရှင်ဖြစ်သည့် NationalGeographic စူးစမ်းလေ့လာရေးသမား ပါအိုလာနိုဂါလက်စ်အက်စကာရန်က‌‌ ပြောကြားခဲ့သည်။ သူသည် ကြောင်များကိုလေ့လာနေသည့်သု‌တေသနအဖွဲ့တွင်ပါဝင်သူဖြစ်သည်။

ဒေသခံများက တီလ်ကာယိုဟု အမည်ပြောင်ပေးထားသောကြောင်၏သိပ္ပံအမည်သစ်မှာ Leopardus tilcayo ဖြစ်သည်။

နှစ် ၁၀၀ ကျော်အတွင်း ကြောင်မျိုးစိတ်သစ်ကို မတွေ့ရသောကြောင့် ယခုတွေ့ရှိမှုက ထူးခြားဖြစ်ရပ်ဖြစ်သည်ဟု နိုဂါလက်စ်အက်စကာရန်က ပြောကြားခဲ့သည်။

ယခုကြောင်သည် ၁၉၂၃ ခုနှစ်တွင် ဥရုဂွေးပမ်းပက်လွင်ပြင်ကြောင် ( Uraguayan pampas cat)ကိုတွေ့ရှိခဲ့ပြီးနောက် ပထမဆုံးရှာဖွေတွေ့ရှိသော ကြောင်မျိုးစိတ်သစ် ဖြစ်သည်။

တီလ်ကာယိုကြောင်သည် အိမ်မွေးကြောင် များထက် မဆိုစလောက်သေးငယ်ပြီး ဝိုင်းသောနားရွက်များရှိကာ ၄၅ စင်တီမီတာ(၁၈ လက်မ) ရှိသည်။

လက်ရှိအချိန်ထိ နှစ်ကောင်မျှသာတွေ့ရသော တီလ်ကာယိုကြောင်များကို မျိူဗီဇ စစ်ဆေးမှု လုပ်နေသည်ဟု ဆိုသည်။

Ref:AFP

#elevennews #ကျားတူကြောင် #ကြောင်မျိုးစိတ်သစ်

■Website Link >>>>> https://news-eleven.com/article/315204
■ Eleven Website:https://news-eleven.com
■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup See less

မူရင်းသတင်း — Eleven Media Group