




ကျိုက်ထို၊ စက်တင်ဘာ ၁၉
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထို မြို့နယ်၌ အောက်တိုဘာ(၁)ရက်နေ့တွင်ကျရောက်မည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျိုက်ထိုခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များမှ ယနေ့ နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါ သွေးလှူဒါန်းနေမှုများအား ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်၊ ကျိုက်ထိုခရိုင် ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ဇော်အောင်၊ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းမင်းလတ်၊ ဘီးလင်းမြို့နယ် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဝင်း တို့ မှ လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူဒါန်းကြသည့် တပ်ဖွဲ့ဝင်(၃၅)ဦးအား ကြက်ဥ(၁၀)လုံး၊ ဖီးကြမ်းငှက်ပျော်သီး(၁)ဖီး၊ကွေကာအုပ်(၁)ထုပ်၊ အာဟာရမုန့်နှင့်အားဖြည့်အချိုရည်များ၊ ထောက်ပံ့ငွေ(၁၅၀၀၀)ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရသည်။
ပြည့်ဖြိုး
#News #Myanmar