
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးကန်ပတ်လမ်းတွင် အမျိုးသားတစ်ဦး ဆေးထိုးအပ်တန်းလန်းဖြင့် သေဆုံးနေမှု စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော် တောင်ရပ်ကွက်၊ ကန်တော်ကြီးအနောက်ဘက် ကန်ပတ်လမ်းကန်ပေါင်တွင် အသက် ၃၀ ခန့် အမျိုးသားတစ်ဦးဆေးထိုးအပ်တန်းလန်းဖြင့်သေဆုံးနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများက
သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
"ဆေးထိုးအပ်တန်းလန်းနဲ့ သေဆုံးနေတာဖြစ်တော့ ရှော့ဖြစ်သွားပုံပဲ။ တခြား ဘာဒဏ်ရာမှလည်း မတွေ့ရပါဘူး။ သေမှုသေခင်းနဲ့ပဲ အမှုဖွင့်ဆောင်ရွက်ရမှာဖြစ်ပါတယ်" ဟု သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သေဆုံးမှုနှင့်ပ
တ်သက်ပြီး ရှင်းပြသည်။
အဆိုပါ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်ကလည်း ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားရှိ ရွှေတစ်ချောင်း ချောင်းအတွင်း အမည်မသိအမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။