Eleven Media Group

■ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်း  ဒေသအချို့တွင် မိုးကြိုးပစ်၍ ကျွဲ၊ နွား ၁၀ ကောင်ထက်မနည်း သေဆုံးပြီး အိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်း ဒေသအချို့တွင် မိုးကြိုးပစ်၍ နေအိမ်မီးလောင်မှု နှင့် ကွဲျနွားများ မိုးကြိုးပစ်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက The Daily Eleven Media သို့ပြောကြားသည်။

စက်တင်ဘာ ၁၆ ရက်နေ မွန်းလွဲ ၁ နာရီခန့်က မိုးသက်လေပြင်းကျရောက်ကာ ကချင်ပြည်နယ်၊တနိုင်းမြို့ ဒူကောင်းရပ်ကွက် ၊ရွှေနန်းထိုက် ရေသန့်စက်ရုံအနီး သစ်ပင်အောက်ရှိ နွား ၁၃ ကောင် မိုးကြိုးပစ်ခံရကာ သေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ငါးအိုးကျေးရွာက နေအိမ်တစ်အိမ်မှာ မိုးကြိုးပစ် ခံရပြီး မီးလောင်ခဲ့ကြောင်း ရွာသားအချို့က ဆိုပါသည်။ မီးလောင်မှုတွင် နေအိမ်တွင်း လူမရှိသောကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်းလည်း သိရသည်။ယင်းညတွင် စစ်ကိုင်း တိုင်း ဒေသကြီး အထက်ပိုင်း၊အင်းတော်မြို့နယ်၊ အလယ်ဆိပ်အုပ်စု၊ ပင်သချေရွာတွင်လည်းကျွဲနွားများ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုပါသည်။

အင်းတော်မြို့နယ် ဒေသခံ တစ်ဦးက '' လူတွေမှာ တဲအောက်ဆင်းပြီး ဝပ်နေရတာ။ အချက်ပေါင်းဆယ်ချီပြီး ပစ်နေတာ တစ်နာရီကျော်မယ်။ တောထဲမှာ နေကြတော့ နားတွေ အူနေတာ။သစ်ပင်တွေ
ကို လျှပ်စီးဝင်တာ များတယ်။ကြောက်တတ်တဲ့သူတွေကတော့ နှလုံးရပ်သွားနိုင်တယ်။ တိုက်ပွဲဖြစ်နေတဲ့ အတိုင်းပဲ''ဟု ဆိုသည်။


မိုးလေဝသ ပညာရှင် ဦးဌေးတင့်က ပြင်းထန် အယ်နီညိုကြောင့် တရုတ်၊အိန္ဒိယ ၊နီပေါ ဘက်တွင် အလွန်အကျွံ မိုးသည်းထန်မှုများ ဖြစ်ခဲ့ပြီး စက်တင်ဘာ ၁ဝရက်၊၁၁ ရက်နေ့များတွင်
မြန်မာပြည်အနှံ မိုးရွာသွန်းခဲ့ကြောင်း စစ်ကိုင်းတိုင်း၊ရှမ်းပြည်မြောက်ပိုင်းတို့တွင် မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ကြောင်း ကြေညာခဲ့သည်။

၂၀၂၂ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာဆိုင်ကယ်ဆိုင် မီးလောင်ပြီး စာရေးမနှစ်ဦး မီးလောင်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက်နေ့ကလည်း မိုးကောင်းမြို့အနီးရှိ လယ်ကွင်းတစ်ခုရှိ တဲတစ်လုံးအားမိုးကြိုးပစ်ရာ နွား ၂၄ ကောင် နေရာတွင် သေဆုံးခဲ့သည်။

မူရင်းသတင်း — Eleven Media Group