Myanmar National Post

ဧရာဝတီတိုင်းဒေသကြီး ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး ရရှိခဲ့ကြသော ခရိုင်၊ မြို့နယ်၊ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်












ပုသိမ်၊ စက်တင်ဘာ  ၂၀

ဧရာဝတီတိုင်းဒေသကြီး ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံးရရှိခဲ့ကြသော ခရိုင်၊ မြို့နယ်၊ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူ များနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံးရရှိခဲ့ကြသော ခရိုင်၊ မြို့နယ်၊ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်သည့် မင်္ဂလာရှိသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်တွင်လည်း မိမိတို့ကျောင်း၏ အားနည်းချက်အားသာချက်များကို ပြန်လည် အဖြေရှာပြီး အောင်ချက်ရာခိုင်နှုန်း မြင့်မားလာအောင် ကြိုးစားဆောင်ရွက်ကြရန် လိုပါကြောင်း၊ သိပ္ပံဘာသာတွဲတွင် နိုင်ငံတော်အဆင့်ဝင်သည့်ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက် လာအောင် အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် ကျောင်းသားကျောင်းသူများအား စနစ်တကျလေ့ကျင့်သင်ကြားပေးနိုင်ရေး ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက် ပေးနေသကဲ့သို့ ကျောင်းသား၊ မိဘ၊ ဆရာ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံတော်၏ ပညာရေးကဏ္ဍမှာ စနစ်တကျဖြင့် ဘက်စုံတိုးတက်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။ 

ဆက်လက်၍ ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်တွင်  ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိဘများအားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် တိုင်းဒေသကြီး အဆင့်ထူးချွန်စွာ အောင်မြင်ခဲ့သူများ၊ (၆)ဘာသာဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် (၆)ဘာသာ ဂုဏ်ထူးရှင်၏ မိဘများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊   ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး ရရှိခဲ့ကြသောခရိုင်၊ မြို့နယ်၊ အခြေခံပညာကျောင်း၊ ပုဂ္ဂလိက ကျောင်းများအား အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ် စခန်းဌာန ချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူ အသီးသီးကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ထူးချွန် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


#News #Myanmar 

မူရင်းသတင်း — Myanmar National Post