Eleven Media Group

■  တရုတ်နိုင်ငံ နန်နင်းမြိုသို့ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုး မြို့တော်ဝန်တို့ တွေ့ဆုံဆွေးနွေး

■ တရုတ်နိုင်ငံ နန်နင်းမြိုသို့ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုး မြို့တော်ဝန်တို့ တွေ့ဆုံဆွေးနွေး

■ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေး

တရုတ်နိုင်ငံ နန်နင်းမြိုသို့ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြိုတော်ဝန်တို့ တွေ့ဆုံဆွေးနွေခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောသည် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကိုယ်စားလှယ်အဖွဲဝင်များနှင့်အတူ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြိုသို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြိုတော်ဝန် မစ္စတာ စွန်းကျီယန် အား လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ပင်လယ်ရေ ကြောင်းကုန်သွယ်မှု မြှင့်တင်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

ထိုပြင် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲဝင်များနှင့်အတူ ချင်းကျိုး မြို့ရှိ ကုန်တင်သင်္ဘောများ ဖြတ်သန်း သွားလာရေးအတွက် ပင်လယ်မှမြစ်သို တိုက်ရိုက်ဆက်သွယ်ထားသည့် ဖျင်လုတူးမြောင်း၏ မာတောက်(Madao) ဆုံမှတ်ကို သွားရောက်ကြည့်ရှုရာ ချင်းကျိုးဒေသခံပါတီနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဖျင်လုတူးမြောင်းစီမံကိန်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ရရှိသည့်အကျိုးကျေးဇူးများနှင့် ဖြတ်သန်းသွားလာခွင့်ပြုနိုင်သည့် သင်္ဘောအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထိုနောက် ဒုတိယသမ္မတသည် ချင်းကျိုးမြိုရှိ ဉာဏ်ရည်တု (AI) နည်းပညာအသုံးပြု၍ အလိုအလျောက်စနစ်သုံး ကွန်တိန်နာဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများကို သွားရောက်ကြည့်ရှု လေ့လာရာ ဒေသခံအာဏာပိုင်နှင့် ဆိပ်ကမ်းတာဝန်ရှိသူများက ပြည်တွင်း ပြည်ပ သင်္ဘောများ ဝင်ရောက်ဆိုက်ကပ်မှုအခြေအနေ၊ (AI)နည်းပညာအသုံးချ၍ ကုန်တင်ကုန်ချဆောင်ရွက်မှုအခြေ အနေနှင့် ဒီဂျစ်တယ်နည်းပညာများ အပါအဝင် ထိပ်တန်းနည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများနှင့် အဆင့်မြင့်နည်းပညာဖြင့် ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။

စက်တင်ဘာ ၁၇ ရက် ညနေပိုင်းကလည်း ဒုတိယသမ္မတသည် ကိုယ်စားလှယ်အဖွဲဝင်များ နှင့်အတူ လိယွမ်နိုင်ငံတကာကွန်ဖရင့်စင်တာ၌ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ ဝေထောင်အား လက်ခံတွေဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်ဖက်ပူး ပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မှု မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group