
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ MRT ရထားလမ်းတစ်ခုပေါ်တွင် မီးလောင်မှုဖြစ်ပွားပြီး ရထားပြေးဆွဲမှုများကို ယာယီရပ်ဆိုင်းခဲ့ရကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြထားသည်။
စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက Tao Poon နှင့် Bang O ဘူတာရုံများကြားရှိ ရထားလမ်းပေါ်တွင် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Bang O မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များသည် မွန်းလွဲ ၁၂ နာရီ ၃၂ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
၎င်းတို့သည် ရထားလမ်းပေါ်ရှိ ကေဘယ်ကြိုးများ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်နေသည်ကို တွေ့ရှိခဲ့ရပြီး မီးကို ငြှိမ်းသတ်ခဲ့ကာ ထိုမီးလောင်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူမရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref: Bangkok Post