Eleven Media Group

စင်ကာပူလေကြောင်းလိုင်း ၂၀၂၆ ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းဆု ရရှိ

စင်ကာပူလေကြောင်းလိုင်းသည် ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းအဖြစ် ရွေးချယ်ခံလိုက်ရပြီး ထိုဆုကို Skytrax World Airline Awards မှ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

စင်ကာပူလေကြောင်းလိုင်းအနေဖြင့် ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းဆုကို ရရှိမှုသည် ယခုအခါခြောက်ကြိမ်မြောက် ရှိလာပြီဖြစ်သည်။ Skytrax ၏ စက်တင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းအဖြစ် ရွေးချယ်ခံခဲ့ရသည့် Qatar Airways က ယခုနှစ်တွင် ဒုတိယနေရာကို ရောက်သွားသည်။

ဟောင်ကောင်အခြေစိုက် Cathay Pacific Airways က တတိယနေရာ၊ ဂျပန်နိုင်ငံ၏ ANA All Nippon Airways က စတုတ္ထနေရာနှင့် Turkish Airlines က ပ ဉ္စမနေရာတို့တွင် အသီးသီး ရပ်တည်နေကြသည်။ ယခုနှစ် Skytrax ၏ ကမ္ဘာ့လေကြောင်းလိုင်းအဆင့် သတ်မှတ်မှုတွင် ကမ္ဘာတစ်ဝန်းမှ လေကြောင်းလိုင်းပေါင်း ၃၀၀ ကျော် ပါဝင်ခဲ့သည်။

မလေးရှားလေကြောင်းလိုင်းက အာရှ၏ အကောင်းဆုံးလေကြောင်းလိုင်း ဝန်ထမ်းဝန်ဆောင်မှုဆုကို ရရှိခဲ့သည့်အပြင် ကမ္ဘာ့အကောင်းဆုံး လေယာဉ်မောင်နှင့် လေယာဉ်မယ်ဆုအမျိုးအစားတွင်လည်း တတိယရခဲ့သည်။

စရိတ်နည်းလေကြောင်းလိုင်းများထဲ AirAsia က ကမ္ဘာ့အကောင်းဆုံး စရိတ်နည်းလေကြောင်းလိုင်းဆုကို ဆက်လက်ရရှိခဲ့သည်။ AirAsia က ထိုဆုကို ၂၀၁၀ ခုနှစ်ကတည်းက ရရှိလာခြင်းဖြစ်သည်။

စင်ကာပူလေကြောင်းလိုင်းက ကမ္ဘာ့အကောင်းဆုံး Economy Class ဆုနှင့် Economy Class ခရီးသည်များအတွက် လေယာဉ်ပေါ် အစားအသောက်ဝန်ဆောင်မှု အကောင်းဆုံးဆုကိုလည်း ထပ်မံရရှိခဲ့သည်။

Ref: BERNAMA

AP Photo

မူရင်းသတင်း — Eleven Media Group