
ထိုင်းနိုင်ငံ ဆူရင်ပြည်နယ် ၊ စီခိုရာဖွမ်ခရိုင်ရှိ ဝပ်ချန်ပီးဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးနှင့် သံဃာတစ်ပါး မူးယစ်ဆေးဝါးစစ်ဆေးမှုတွင် positive အဖြေပြသဖြင့် လူဝတ်လဲခံခဲ့ရကြောင်း ဒေသခံအာဏာပိုင်များက ပြောသည်။
တိုင်ကြားမှုများအရ အဆိုပါကျောင်းတိုက်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သံသယရှိသဖြင့် အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ သံဃာ ၁၀ ပါးအနက် ၈ ပါးက negative အဖြေပြခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီးနှင့် နောက်တစ်ပါးက မူးယစ်ဆေးသုံးထားကြောင်း တွေ့ခဲ့ရသည်။
လူဝတ်လဲခံရသည့် သံဃာနှစ်ပါးကို စီခိုရာဖွမ်ဆေးရုံသို့ ပို့ဆောင်ကာ ပြန်လည်ထူထောင်ရေးအစီအစဉ်တွင် ပါဝင်စေခဲ့ပြီး တစ်ဖက်တွင် ရဲတပ်ဖွဲ့က ဥပဒေအရ ဆက်လက်အရေးယူရန် လုပ်ဆောင်လျက်ရှိသည်။
ဒေသခံများက ယခုဖြစ်ရပ်အပေါ် အံ့အားသင့်နေကြပြီး ယခင်က ဘာသာရေးကိုင်းရှိုင်းသည့် ဘုန်းကြီးအဖြစ် သတ်မှတ်ထားခဲ့သည့် ကျောင်းထိုင်ဘုန်းကြီးအပေါ် ယုံကြည်မှုများ ပျောက်ဆုံးသွားပြီဟု ပြောဆိုနေကြသည်။
Ref: Thai Enquirer